Skip to main content

Sep 28, 2021

၁။ ယခုအချိန်ကာလသည် နိုင်ငံငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လျှောက်လှမ်းနေသော ဒီမိုကရေစီ လမ်းကြောင်း တည့်မတ်ခိုင်မာစေရေးတို့အတွက်၊ မဏ္ဍိုင်ကြီး ၄ ရပ်လုံးမှ အလေးအနက်ထားကာ ဦးတည်ဆောင်ရွက်နေသော ကာလဖြစ်၍ သတင်းတု၊ သတင်းမှားများသည် ပြည်သူလူထုကို အဆိပ်သင့်စေနိုင်ကြောင်း အထူးဂရုပြုရမည့် ကာလ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ နန်နင်းမြို့၌ ယနေ့တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ၂၀၂၁ခုနှစ် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တက်ရောက်၍ Video Message ဖြင့်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်း ရိတ်သိမ်းခြင်းနှင့် ပြောင်းချဉ်ဖတ်ပြုလုပ်ခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် သဲကောလေးကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့် နှင့်အတူ ယနေ့ညနေပိုင်းက နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ MRTV စိန်ရတုပြတိုက် တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး MRTV ဝန်ထမ်းများကတင်ဆက် ပြသမည့် အဉ္စလီအငြိမ့် ရိုက်ကူးရေးဆောင်ရွက် နေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုသည် မည်သည့်အခြေအနေရှိသည်ဖြစ်စေ မဆုတ်ယုတ်ဘဲ တည်တံ့နေရန် အရေးကြီးသည်။ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်သည်ဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တည်ငြိမ်မှုကို တည်ဆောက်နိုင်သည်။ ဖွံ့ဖြိုးမှု ဆိုသည်မှာ လူမှုဘဝဆုတ်ယုတ်ယိုယွင်းခြင်းမရှိဘဲ အစဉ်ရှင်သန် လည်ပတ်နေခြင်းဖြစ်သည်။ စစ်အတွင်းကာလပင်ဖြစ်သော်လည်း ကုန်ထုတ်လုပ်ရေး၊ ရောင်းဝယ် ဖောက်ကားရေး၊ တည်ဆောက်ရေးတို့ပြုလုပ်ကြသည်ကို ကမ္ဘာ့သမိုင်းတွင် တွေ့ရ မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) သည် (၁၅) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါနေ့ (15th world Rabies Day) ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခွေးရူးပြန်ရောဂါဆိုင်ရာ အသိပညာပေးမှု များကို ပြည်သူများအား လှုံ့ဆော်ပညာပေးခြင်းဖြင့် ဂရုပြုလာစေပြီး ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ ခွေးရူးရောဂါ လုံးဝ ကင်းစင်စေရေးကို အဓိကဦးတည်ရည်မှန်းခြင်း ဖြစ်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်း လာစေရန်အတွက် လည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ပြည်သူများ အသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေး အတွက်လည်းကောင်း “ကိုဗစ် - ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်နှင့် “ကိုဗစ် - ၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲများကို ပြန်ကြားရေး ဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် ဒုတိယနေ့ ထိုးနှံပေးခြင်း ကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်ဖြစ်သည့် ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)နည်းစနစ်ဖြင့် မွေးမြူ တတ်စေရန်၊ အစားအသောက် ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူရေး ရေထွက်ကုန် ငါးရိက္ခာများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဖျာပုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်း (ဖျာပုံ)တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းကို စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ပြင်ဦးလွင်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူး၊ စဉ့်ကူးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ငါးဖမ်းကိရိယာ စစ်ဆေးခြင်း၊ ရေတော်ကျေးရွာ၏ အနောက်ဘက်ဆောက်ကြီးအင်း နယ်စပ်သောင်ခုံပေါ်ရှိ ရေလုပ်သားများအား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ကျွဲ၊ နွားအရှင်ကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရာ၌ မွေးမြူသောတောင်သူနှင့် ထုတ်လုပ်သူတို့ အကျိုးအမြတ်ရရှိကြပြီး ထိုသို့ အရှင်တင်ပို့ခြင်းထက် တန်ဖိုးမြင့်နှင့်အရေအသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ် တင်ပို့နိုင်ပါက နိုင်ငံတော်နှင့်တောင်သူ၊ ထုတ်လုပ်သူတို့ ပိုမိုအကျိုးရရှိစေမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်ပပို့ကုန် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မန္တလေးမြို့မတူရိယာအသင်းအတွက် ပေးအပ်ချီးမြှင့်သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေး မြို့မတူရိယာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို လေကြောင်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ စက်တင်ဘာ ၂၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၅ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်၊ နမ့်ဖာဟော် တံတားမှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၇ ဦးကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ- ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှ အမျိုးသား ၂၄၂ ဦး၊ အမျိုးသမီး ၁၉၂ ဦး၊ စုစုပေါင်း ၄၃၄ ဦးတို့အားလည်းကောင်း အသီးသီး လက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နေသော စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များအား ထောက်ပံ့မှုများပြုလုပ်ပေးနေသူ ပပလှိုင်အား စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မင်္ဂလာလမ်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့် ဆွေးနွေးမှု (၃) ခုကို သက်ဆိုင်သည့် မြန်မာနိုင်ငံမပါဘဲ တင်သွင်းဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူက စက်တင်ဘာ ၂၂ ရက်တွင် နှုတ်ဖြင့် တင်သွင်းခဲ့ပြီး စက်တင်ဘာ၂၃ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်ပြခဲ့မှုများမှာ တရားနည်းလမ်းမကျသည့် တစ်ဖက်သတ်တလွဲ ကောက်ချက်စွပ်စွဲမှုများ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

အကြမ်းဖက်အဖွဲ့အစည်း NUG က နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြှင့်တင် ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သလို အိမ်နီးချင်းအာဆီယံနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံများကလည်း အကြမ်းဖက်မှုများနှင့် သွေးချောင်းစီးဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်သည့် အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်လျက် ငွေကြေးတောင်ခံ၍ အမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာအား ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်သူများ အားဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်