Skip to main content

မန္တလေးမြို့မတူရိယာအသင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ချီးမြှင့်သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အခြေခံစားသောက်ကုန်များ ထောက်ပံ့

 

နေပြည်တော် စက်တင်ဘာ ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မန္တလေးမြို့မတူရိယာအသင်းအတွက် ပေးအပ်ချီးမြှင့်သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေး မြို့မတူရိယာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ချီးမြှင့်ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် မန္တလေး မြို့မတူရိယာ အသင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် (ကိုယ်စား) တိုင်းမှူးက တူရိယာပစ္စည်းများဖြစ်သည့် Drum Set မျိုးစုံ၊ Percussion (LPUSA) မျိုးစုံ၊ Violin ငါးလက်၊ Flute တစ်လက်၊ Clarinet တစ်လက်၊ Trumpet တစ်လက်၊ Saxophone တစ်လက် နှင့် Cello & Stand တစ်စုံတို့ကို ပေးအပ်ရာ အသင်းနာယကမှ လက်ခံရယူသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ထောက်ပံ့ပေးအပ်သည့် ဆန်အိတ် ၄၀၊ ဆီပိဿာ ၂၀၊ ကုလားပဲပိဿာ ၄၀၊ ကြက်သွန်နီ ပိဿာ ၄၀ နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ အသင်းတာဝန် ရှိသူများက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်