Mar 07, 2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး တို့မှ ရခိုင်ဒေသတွင် ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့သော အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့တွင် စစ်တွေမြို့အမှတ်(၃၆) ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 07, 2021
ရွှေဘို-ရေဦး အများပြည်သူသွား ကားလမ်းအား အတားအဆီးများချ၍ ပိတ်ဆို့ ဆန္ဒပြသူ(၂)ဦးအား အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Mar 07, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်တကောင်းတိုက်နယ် ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံနှင့်ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက် ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 07, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၅၁၆၈၉ ဦး၊ အတွင်းလူနာ ၃၅၁၄ ဦးကို တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကိုဆေးရုံတင်ကာကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။
Mar 07, 2021
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ဆူပူအော်ဟစ် ဆန္ဒပြခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Mar 07, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 06, 2021
(၆-၃-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Mar 06, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၆)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 06, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၆)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 06, 2021
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့ Mandalay Swan Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 06, 2021
နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရေး မြေပေါ်/မြေအောက် အဖွဲ့အစည်းပေါင်းစုံမှ ငွေကြေး အမြောက်အများ အကုန်အကျခံကာ နေရာအနှံ့အပြားတွင် ကွန်ယက်သဖွယ် လှုံ့ဆော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Mar 06, 2021
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ (၃၉ ဒသမ ၂)သန်းကျော်အနက် မဲစာရင်းမှားယွင်းနေမှု ပဏာမစိစစ်ချက်အရ (၁၀ ဒသမ ၄) သန်းကျော် ဖြစ်ပွားခဲ့မှုအပေါ် နှစ်နာသည့်ပါတီများ၊ ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် တပ်မတော်တို့က UEC၊ လွှတ်တော်၊ အစိုးရတို့ထံ ဥပဒေနှင့် အညီ တောင်းဆိုခြင်းအပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအထိ ၂ ကြိမ် တိုင်တိုင် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမရှိဘဲ တတိယအကြိမ်လွှတ်တော် အသစ်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့စည်းရန် ကြိုးပမ်းလာခဲ့သည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ(၁) ရက်မှစ၍ အာဏာသုံးရပ်အား ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ကို ဖွဲ့စည်းခဲ့သည်။
Mar 06, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာစိပ်စိပ် မိုးရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ နေ့အပူချိန်များမှာမကွေးတိုင်းဒေသကြီးတွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီ