Skip to main content

Sep 26, 2021

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ(၂၄)သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေး အကြိမ်ရေ (၄)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၆-၉-၂၀၂၁)ရက်နေ့ ညနေ(၅:၃၀)နာရီတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင် သည့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့ ၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂,၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ Fever surveillance ပြုလုပ်ခြင်းတို့ကို ယနေ့တွင် ကျန်းမာရေးဝန် ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ နေပြည်တော် ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့်ဌာန ဆိုင်ရာများမှ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားများ ယနေ့ နံနက်(၈) နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌လည်းကောင်း၊ နံနက်(၉) နာရီတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သာသနပါလဓမ္မရိပ်သာ (မြိတ်)ကျောင်း၌လည်းကောင်း၊ နံနက်(၁၀) နာရီတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သတ္တသတ္တာဟ “ပွင့်” စေတီဓမ္မာရုံ၌ လည်းကောင်း အသီးသီးကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက် မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း (၃) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၁၂) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးဖြင့် တန်(၂၀)နှင့် နှာခေါင်းစည်း (Mask) (၈၈) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့ ကြာနီကန်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ တောင်ငူမြို့ရှိ ပရိယတ္တိစာသင်တိုက် (၄) တိုက် နှင့် သီလရှင်စာသင် တိုက်(၁)တိုက်တို့အတွက် ဆွမ်းဆန်(၆၃)အိတ်၊ ဆီ(၁၅၇) ပိဿာ၊ ပဲ(၁၅၇)ပိဿာ၊ ဆား(၁၅၇)ပိဿာ၊ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် နဝကမ္မအလှူငွေကျပ်(၅)သိန်းတို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး စိုးမြင့်ဦး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးအောင်မြင့်နှင့် အမှတ် (၁) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးထိုက်ပါ အရာရှိ (၂၅)ဦး၊ အခြားအဆင့် (၇၃)ဦး စုစုပေါင်း (၉၈) ဦးတို့သည်

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေ လဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် အရောင်းဆိုင်များစာရင်းနှင့် ဈေးနှုန်းများကို စက်တင်ဘာ ၂၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန်၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (GAqP) နည်းစနစ်ဖြင့် မွေးမြူ တတ်စေရန်၊ အစားအသောက် ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူ ရေး ရေထွက်ကုန် ငါးရိက္ခာများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး သင်တန်း ခန်းမ၌ GAqP သင်တန်းအား စက်တင်ဘာ ၂၂ ရက်မှ ၂၃ ရက် အထိ ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မအူပင်ခရိုင် တလုပ်လှ ငါးလုပ်ငန်းစခန်း၌ စက်တင်ဘာ ၂၃ ရက်က ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် သောကြာပြင် ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အနီးတွင် တစ်ရွာတည်းနေအကြမ်းဖက် လူတစ်စုက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် အပြစ်မဲ့ကလေးငယ်တစ်ဦး မိုင်းစ ထိမှန် သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက် ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချ ရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်ရောင်းချလျက်ရှိပြီး ယနေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် အောက်ဖော်ပြပါ ဈေးနှုန်းများအတိုင်း ရောင်းချပေး သွားမည်ဖြစ်သည်-

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)“ ဂူးလက်ပ် (GULAB)”သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေ(Sittwe)မြို့၏ အနောက်တောင်ဘက် ရေမိုင်(၃၈၀)မိုင်ခန့်၊ ဂွ(Gwa)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၆၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun)မြို့၏ အနောက်မြောက်ဘက် ရေမိုင်(၄၇၀)မိုင်ခန့်၊အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၂၀)မိုင်ခန့်နှင့် ဂိုလ်ပါပူ(Gopalpur)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

တိုင်းရင်သားလက်နက်ကိုင် နယ်မြေများအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူများ ပြန်လည်ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၃ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၌ KIA တပ်မဟာ(၈)နယ်မြေအတွင်း စစ်သင်တန်း တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ဘိုဘိုလင်း (၁၈)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ် တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ ဗြဟ္မစိုရ် လမ်းနှင့် ပင်းယလမ်းထိပ်၌ ယာဉ်မောင်း ကျော်ကိုလင်း (ခ)AJ (၃၄)နှစ် မောင်းနှင်ပြီး စိုင်းပိုင်စိုးနောင်(ခ)မာဝီ(၃၀)နှစ် လိုက်ပါလာသည့် CRV (အဖြူရောင်) ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်း အတွင်းမှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတို့ဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်း ၄ လုံးအား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း တို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး မှုများဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ကွက်၊ ကျက်သရေလမ်းနေ တရားခံ နိုင်ဦး(၅၁ နှစ်)အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ မင်းရပ်ကူးတို့လမ်းနေ ဆက်ဦး(၄၃ နှစ်)နှင့် ဂန္ဓမာလမ်းနေ ထွန်းဝေ (၅၄ နှစ်)တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန် နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်နှင့်

ဆက်လက်ဖတ်ရှုရန်