Skip to main content

Oct 02, 2021

(၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများမှ ပညာရေးဝန်ကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ က အိမ်ရှင်အဖြစ် ယနေ့နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပြည်ပသာသနာပြုဌာနခွဲ စာကြည့်တိုက်၊ ပြတိုက်၊ မော်ကွန်းတိုက်များသို့ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

တပ်မတော်သားတိုင်းအနေဖြင့် တစ်ဦးချင်းအဆင့်လိုက် နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်အောင် လုပ်ဆောင်နေခြင်းသည် စစ်စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ ဆံပင်ပုံစံမှစ၍ ဖိနပ်ကြိုးစည်း သည်အဆုံး နေထိုင်သွားလာမှု၊ ဝတ်စားဆင်ယင်မှု၊ စားသောက်မှုပုံစံများအားလုံး စည်းကမ်း စနစ်တကျ ရှိနေခြင်းသည် စစ်သားကောင်း တစ်ယောက်၏ အလေ့အကျင့်ကောင်းများပင် ဖြစ်သည့်အတွက် တစ်ဦးချင်းစည်းကမ်း စနစ်တကျရှိအောင် နေထိုင်ကြရန်နှင့် အစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်း လွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖိုဒ့် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

လက်ရှိကာလ၌ အရေးတကာအရေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာပြီး စိတ်ချရသည့်အခြေအနေရောက်လျှင် လူမှုစီးပွားဘဝများအားလုံး ပုံမှန်လည်ပတ် နိုင်ပြီး အစစအရာရာအဆင်ပြေလာမည်ဖြစ်သည်။ ယခုအချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းလာသည်ဆိုသော်လည်း စိတ်ချရသည့် အခြေအနေတစ်ခုသို့ မရောက်သေးသဖြင့် အထူးသတိပြုကာ ပိုမိုအလေးထားဆောင်ရွက်ကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2021

ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစကာ ဖြစ်ပေါ်လာခဲ့သည့် ဆန္ဒပြပွဲများ၊ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းများ စသည်တို့တွင် အရွယ်မရောက်သေးသူ ကလေးငယ်များ ပါဝင်ခဲ့ကြသည်ကို လူမှုကွန်ရက်များတွင် မကြာခဏ တွေ့ခဲ့ရသည်။ နိုင်ငံရေးအပါ အဝင် လူ့လောက လူ့အရေးတို့ကို သိနားလည်မှုမရှိသေးသည့် ကလေးများကို နိုင်ငံရေး အသွေးအရောင်ခြယ်၍ အသုံးချအမြတ် ထုတ်ခဲ့ကြရာတွင် နောက်မှမြှောက်ပင့်ပေးသူများ၊ သွေးထိုး လှုံ့ဆော်သူများနှင့်တကွ ကလေးသူငယ် တို့၏ မိဘအုပ်ထိန်းသူ များမှာလည်း တာဝန်ရှိသည်။ ကလေးသူငယ်ဥမမည် စာမမြောက် ကလေးများကို စီတန်းလှည့်လည်စေခြင်း၊ အော်ဟစ်ကြွေးကြော် စေခြင်းတို့မှအစပြုကာ အဓိက ရုဏ်းများ အရှိန်မြင့်တက်လာချိန် တွင် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများအထိ အသက်မပြည့် သေးသည့် ကလေးများကို ပါဝင်စေခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့မီးရထား၊ တံတားဘောင်အလုပ်ရုံ (မလွှကုန်း)၊ မလွှကုန်းဘူတာယာဒ်ဝန်း၊ ဒီဇယ်စက်ခေါင်း စက်ရုံ(အင်းစိန်)၊ မြန်မာ့မီးရထားဆေးရုံ (အင်းစိန်)နှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့ကို သွားရောက် ကြည့်ရှု့စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမတွင် ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုး တက်စေရေး၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များ အောင်မြင်စေရေးအတွက် ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သ အခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များအကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ် ဖေါ်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက လည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၉/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့် ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ လူနာတင်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကုသရေး ဦးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများ အား ချီးမြှင့်ငွေနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်ထား သော အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျော်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့များနှင့် မြို့မိမြို့ဖများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မှာယူတည်ဆောက်ခဲ့သည့် တွန်းဆွဲရေယာဉ်သစ်နှစ်စင်း လုပ်ငန်းခွင်စတင်ဝင်ရောက်ခြင်း အခမ်းအနားနှင့် ကမ္ဘာ့ ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဆိုးတန်းရှိ ကျန်းမာရေး ဆိပ်ကမ်းတံတား၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

ပညာရေးဝန်ကြီးဌာန၊ အခြေ ခံ ပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေး နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2021

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိ ရာ “အဥ္ဇလီအငြိမ့်” ဖျော်ဖြေပွဲကို အောက်တိုဘာ (၂)ရက်၊ စနေနေ့ ည(၈)နာရီသတင်း အပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်