Skip to main content

ဖျာပုံမြို့နယ်၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်သင်တန်း ဖွင့်လှစ်

 

ဖျာပုံ စက်တင်ဘာ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)နည်းစနစ်ဖြင့် မွေးမြူ တတ်စေရန်၊ အစားအသောက် ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူရေး ရေထွက်ကုန် ငါးရိက္ခာများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဖျာပုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်း (ဖျာပုံ)တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းကို စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် ဧရာဝတီ တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီး ဌာနမှူး ဦးသော်ထွန်းဦးက အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းကျောင်းမှ ဆရာများက GAqP ကျင့်စဉ်အတိုင်း ငါးမွေး မြူရာတွင် လိုက်နာရမည့်အခြေခံမူ (၄) ရပ်တို့ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး စသည့် အချက်အလက်များကို ရှင်းလင်း ပို့ချပေးခဲ့သည်။ သင်တန်းသို့ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ် ဘိုကလေးမြို့နယ်တို့မှ သင်တန်းသား ၃၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်