Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၆

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို လေကြောင်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ စက်တင်ဘာ ၂၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Bherumn-S Powder For Injection (Cefoperazone) အခု ၅၀၀၀၀၊ နယ်စပ် (မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီကိုးခုတို့မှ Mask ၉၀၉၅၆ Kg၊ Oxygen Plant တစ်ခု၊ Liquid Oxygen ၁၅၂၂၃ m3၊ Liquid Oxygen တန် ၂၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်