Oct 01, 2021
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာသတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 01, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် (၉/၂၀၂၁) သို့ တက်ရောက်လာကြသည့် ပြည်တွင်း/ ပြည်ပသတင်းမီဒီယာများအား ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Oct 01, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင် “ဆီဝယ်ယူတင်သွင်းမှု ပမာဏအရ ပြည်တွင်းထွက် စားသုံးဆီမပါ အရွယ်ရောက်သူတစ်ဦးအနေဖြင့် တစ်နှစ် ဆီစားသုံးမှုမှာ ၁၀ ပိဿာကျော်ခန့်ရှိသည်ကို တွက်ချက်မှုများအရသိရသဖြင့် တစ်ဦးချင်း ဆီစားသုံးမှုကို လျှော့ချကြရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီသည့် ဆီစားသုံးမှုများ ရှိရန်လိုကြောင်း၊ ပြည်တွင်း၌ ဆီဖူလုံစွာထုတ်လုပ်နိုင်ပြီး ဆီစားသုံးမှုများကို လျှော့ချနိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ပြီး နိုင်ငံ၏နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ဆီစားသုံးမှု လျှော့ချနိုင်ရေးအတွက် ပြည်သူများအား အသိ ပညာပေးသည့် လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုကြောင်း” ပြောကြားခဲ့သည်။
Oct 01, 2021
ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် နိုင်ငံတော်က ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ အစစအရာရာ အဆင်ပြေပါက လာမည့်သီတင်းကျွတ် ကျောင်းပိတ်ရက် ကာလ၊ အလွန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် အဓိကစိန်ခေါ်မှုမှာ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ် နိုင်ရေးပင်ဖြစ်ရာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လုံးဝမရှိတော့သည့် သုညအခြေအနေသို့ ရောက်ရှိမည်ဆိုလျှင် အကောင်းဆုံးပင်ဖြစ်သည်။
Oct 01, 2021
ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်မှ ကြီးမှူး၍ (၁၁) ကြိမ်မြောက် အာရှ-ပစိဖိတ် ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ် (The 11th International Legal Forum of the Asia-Pacific Region) ကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်တက်ရောက်သည်။
Oct 01, 2021
အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး (15th AMMTC) ၏ ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်းဒါရုဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်လက်ကျင်းပသည်။
Sep 30, 2021
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက် (၈) နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ ကျွန်းရွှေမြိုင်လမ်းနှင့် အေးရိပ်မြိုင်လမ်းထောင့်၊ အ.ထ.က (၇) စာသင်ကျောင်းနှင့် အင်ကြင်းဈေးကြားတို့တွင် မြက်ချုံရှင်းလင်းခြင်း၊ လမ်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် အမှိုက်သိမ်းယာဉ်ဖြင့် စွန့်ပစ် အမှိုက်များ သိမ်းဆည်းနေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Sep 30, 2021
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ်သိန်း ၆,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 30, 2021
မြန်မာ့မီးရထားက ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်များ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ Standard Operating Procedure SOP လမ်းညွှန်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 30, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -
Sep 30, 2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက သက္ကယ်ချောင်း စံပြကျေးရွာ၌ပြုလုပ်ခဲ့သည်။
Sep 30, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင် ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် စားအုန်းဆီ ပိဿာ (၃၅၆၇၃၀၀) ၊ တန်ချိန်(၅၈၂၉) တန် ရောင်းချခဲ့ပြီး ဖြစ်သည်။
Sep 30, 2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားဘ၀မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို လပွတ္တာ မြို့နယ်(၂)မိုင်၊ အောက်ချောင်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့ နံနက် (၁၁) အချိန်က ကျင်းပခဲ့သည်။
Sep 30, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် မြဝတီကုန်သွယ်ရေးစခန်း (၃)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးဖြင့် တန်(၂၀)၊ အောက်ဆီဂျင် (ဓါတ်ငွေ့) Bowser ယာဉ်(၁)စီးဖြင့် တန်(၂၀)၊ အောက်ဆီဂျင် (အိုးခွံ) အခု (၁၃၄၀)၊ Oxygen Plant (၃)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၉၉)ခု၊ PPE ဝတ်စုံ (၂၀၀၀၀)၊ လက်အိတ် (၀ ဒသမ ၁၇) တန်နှင့် နှာခေါင်းစည်း (Mask) (၁) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ ရန်ကုန်မြို့နှင့် အောက်ဆီဂျင် (ဓါတ်ငွေ့) Bowser ယာဉ်(၁)စီးမှာ ပြည်မြို့ တို့သို့ဖြစ်ပြီး Oxygen Plant (၃) ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။
Sep 30, 2021
ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင်ရန် အခက်အခဲဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံးပြန်လည်ရောက် ရှိနိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးများတွင် လမ်းညွှန်မှာကြားခဲ့သည်။
Sep 30, 2021
(၃၁)ကြိမ်မြောက်အာဆီယံလူမှုရေးယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးကိုစက်တင်ဘာ၂၈ရက်နံနက်ပိုင်းတွင်ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့တို့ကနေပြည်တော်ရှိသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနေပြည်တော်မှပါဝင်တက်ရောက်ခဲ့ကြသည်။
Sep 30, 2021
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ(၁/၂၀၂၁)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
Sep 30, 2021
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအနေဖြင့်အာဟာရပြည့်ဝရေးနှင့်အစားအစာဘေးကင်းလုံခြုံရေးကိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ပြည်ပပို့ကုန်များအတွက်ဈေး ကွက်က သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီရေး၊FAO,WHOနှင့်GACCတို့၏(ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်သက်ဆိုင်သည့်ကန့်သတ်ချက်များ၊ပို့ကုန်ပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်လျှောက်၏ လုပ်ငန်းခွင် အတွင်း လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များနှင့် အညီ တိကျစွာဆောင်ရွက်ခြင်းဖြင့် မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း၏အရည်အသွေးကိုအာမခံချက်ကောင်းပေးနိုင်ရေးကြိုးပမ်းကြစေလိုကြောင်းယနေ့ညနေပိုင်းကဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့်ရေထွက်ပစ္စည်းများတင်ပို့ သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်း အနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကဆွေးနွေးပြော ကြားသည်။
Sep 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဗဟို ကော်မတီအ စည်းအဝေးကို ယနေ့ ၁၂ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Sep 30, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၈ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်း ၁၁၄ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးတို့အားလည်းကောင်း အသီးသီး လက်ခံခဲ့ သည်။
