Skip to main content

Sep 29, 2021

မြန်မာတို့ဆီစားသုံးမှု လိုတာထက်ပိုနေသည်ဟု ကျန်းမာရေးဆိုင်ရာ ပညာရှင်တို့က သတိပေးကြသည်။ ဆီလျှော့စားရန်၊ အဆီဓာတ်နည်းသောအစာကို စားရန်၊ ပြည့်ဝဆီဟုခေါ်သည့် ကျန်းမာရေးအတွက် မသင့်သောဆီများကို မစားရန် စသည်စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့် သတိပေး၊ အသိပညာများပေးကြစေကာမူ တစ်သက်လုံးစွဲလာခဲ့သည့် အစွဲမြို့ ချွတ်ရခက်သည်။ ဆီစားများသောကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးနှစ်ခုရှိရာ တစ်ခုမှာ ဆီစားများသူအတွက် ကျန်းမာရေးဆိုင်ရာဆိုးကျိုးဖြစ်ပြီး ကျန်တစ်ခုမှာ စားသုံးဆီ မလုံလောက်သဖြင့် နိုင်ငံခြားမှတင်သွင်းရန် နိုင်ငံခြားငွေအမြောက်အများသုံးစွဲရသည့် ဆိုးကျိုးဖြစ်သည်။ ပထမဆိုးကျိုးက ဆီစားများသူကို ထိခိုက်ပြီး ဒုတိယဆိုးကျိုးက နိုင်ငံတော်ကိုထိခိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ (1st Business to Business Dialogue) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရုံးအမှတ်(၁)၊ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁)အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများ ကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance နှင့် Enterprise Resource Planning (ERP) system တို့ကို စတင်အသုံးပြုခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Central Command Center ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း (၃) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၇) ခုမှ ယာဉ်စီးရေ (၁၀) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) အခု(၃၅၂၀) ၊ Oxygen Plant (၃၈)ခု၊ အိမ်သုံး Oxygen Concentrator (၅၂) ခု၊ နှာခေါင်းစည်း (Mask) (၄၂) တန်တင်သွင်းခဲ့သည်။ Oxygen Plant (၃၈) ခုမှာ ဆိပ်ကမ်းမှ (၃၇) ခုနှင့် ချင်းရွှေဟော်နယ်စပ်စခန်းမှ (၁) ခုတင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ (၃၈) ခု ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ငါးသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် ရေရှည်တည်တံခိုင်မြဲသည့် ထုတ်လုပ်မှုဖြစ်စေရန် ငါးမွေးမြူရေးလုပ်ငန်းကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကိုင်လျက်ရှိနေကြပြီး ဆည်မြောင်းတာတမံများနှင့် အခြေအနေပေးသော ရေပြင်များတွင် လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းကို ယနေ့မိတ်ဆက်ပေးခြင်း ဖြစ်ပါကြောင်း၊ ဒေသနေပြည်သူများ စမ်းသပ်ဆောင်ရွက်နိုင်ကြရန် လွယ်ကူသောနည်းလမ်းဖြင့် စတင်မိတ်ဆက်ပေးရန် လိုအပ်ကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်၊ ချောင်းမငယ်ရေလှောင် တမံ၌ ရှေ့ပြေးစံပြ ဆောင်ရွက်ပြသသည့် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့်မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ အတွက်စားအုန်းဆီ ပိဿာ (၃၀၂၆,၆၅၀) ၊ တန်ချိန်(၄၉၄၆)တန် ရောင်းချခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အခွန်လျာထားချက်များ ပြည့်မီ ကျော်လွန်အောင် ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ ပုဇွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့သွားရောက်ရန်မလိုဘဲ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင် ရန်ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ငန်းသည် လွန်ခဲ့သောအနှစ် ၂၀ ကျော်ကာလ အတွင်း ပုံမှန်ဖွံ့ဖြိုးတိုးတက် လျက်ရှိသည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများရှိခဲ့လင့်ကစား လွန်ခဲ့သော ၂၅ နှစ်အတွင်း နေ့စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဒေါ်လာ အောက်၌သာရရှိသော ပြည်သူအရေအတွက်သည် သိသိသာလျော့နည်း ကျဆင်း လာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေး တကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီ ဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ နှစ်ခုမှ ယာဉ်စီးရေ သုံးစီး ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင် (အိုးခွံ) ၅၃၀၉ ခု၊ Oxygen Plant ငါးခု၊ လက်အိတ် ကိုးတန်နှင့် နှာခေါင်းစည်း (Mask) ရှစ်တန် တင်သွင်း ခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးမှာ ရန်ကုန် မြို့နှင့် မုံရွာမြို့တို့သို့ တစ်စီးစီ ဖြစ်ပြီး Oxygen Plant ငါးခုမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း စက်တင်ဘာ ၂၆ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေ အမှတ်အထက်၁၈၃ စင်တီမီတာ ကျော်လွန်ရောက်ရှိ ခဲ့သဖြင့် မြဝတီမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သည့် အမှတ်(၁/၂/၃/၄/၅) ရပ်ကွက်များအတွင်း သောင်ရင်းမြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ အကြမ်းဖက်သူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စားသောက်ကုန်များတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်း အားပေးစကားပြော ကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၂၁အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သည့်အမှာစကား

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ရာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာ စကားပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါး လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏စီစဉ်မှုဖြင့် ဒုတိယ နေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၂ ခုမှ အိမ်သုံးဆေးဝါး ၁၄၄ မျိုး ရောင်းချ ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်