Skip to main content

Apr 03, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2023

တက္ကသိုလ်ဘောလုံးသမားများ၏ အောင်မြင်သော သမိုင်းအစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်ရန်၊ ကျောင်းသားများ၏ ဉာဏစွမ်းရည်သာမက ကာယစွမ်းရည် ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွှတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်ရည်ရွယ်၍ ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဆဋ္ဌမနေ့အုပ်စုပွဲစဉ်များကို ယနေ့တွင် ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2023

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2023

မြတ်စွာဘုရားရှင်သည် လောကလူသားများ ကောင်းကျိုးချမ်းသာဖြစ်စေသည့် ကောင်းမြတ်မှန်ကန်သော မင်္ဂလာတရား (၃၈)ပါးကို ဟောကြားတော်မူခဲ့သည်။ (၃၈)ဖြာမင်္ဂလာတရားတော်တွင် “ပူဇာ စ ပူဇနေယျာနံ” ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ “ဂါရဝေါ စ” ရိုသေထိုက်သူတို့ကို ရိုသေခြင်း၊ “နိဝါတော စ” မာန်မာန မရှိခြင်းဟူသည့် မင်္ဂလာတရားကို ကျင့်သုံးသောသူတို့သည် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာကောင်းကျိုးများကို တိုးပွားဖြစ်ထွန်းစေသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2023

လောကီအလို၊ နက္ခတ်ဂြိုဟ်က၊ ထိုထိုသီးပွင့်၊ ခါမလင့်ဘူး၊ နုရင့်ချိန်မီ၊ ကိုက်ဖူးစီလျက်၊ ရာသီမသိ၊ ပန်းနှင့်ညှိသော်၊ ညီဘိကာလ၊ မလွန်ကြရှင့် ... ဟူသော မဃဒေဝလင်္ကာ၏ အဆိုအတိုင်းပင် ဂြိုဟ်နက္ခတ်တို့သည် အချိန်မှန်လှည့်ပတ်လျက် ဥတုရာသီတို့ကလည်း အချိန်မှန်ကူးပြောင်းကြပြီး သစ်ပင်ပန်းမန်တို့ကလည်း သူ့အချိန်အခါ ရာသီအလိုက် ပွင့်ကြ၊ သီးကြကုန်သည်။ သဘာဝတရားကြီး၏ အချိန်မှန်လည်ပတ်နေသော ဖြစ်စဉ်တို့ကို မှတ်သား၍ လူတို့က နေ့၊ ရက်၊ လ၊ နှစ် စသည်တို့ကို ပိုင်းခြားသတ်မှတ်ကြကာ ယဉ်ကျေးမှုအစ ရှေးကာလမှသည် မျက်မှောက်ခေတ်တိုင်အောင် အသုံးပြုလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီ ၁ ရက် ည ၈ နာရီခန့်တွင် စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာနေထိုင်သွားလာလျက်ရှိသည့် ခရီးသည်တင်ယာဉ်အား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မဆက်ကြေးကောက်ခံခြင်း၊ လုယက်ယူဆောင်ခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၃၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

​​​​​​​၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း “ခါသင်္ကြန်အဆိုအက” အစီအစဉ်ကို ယခင်နှစ်များနည်းတူ တင်ဆက်နိုင်ရေး ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့်ကျောင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပသော သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

မြန်မာနိုင်ငံတွင် သင်္ကြန်ကာလအတွင်း စာသုံးသူပြည်သူများ စားသုံးဆီများ ဖူလုံမှုရှိစေရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှ စားသုံးဆီများ တင်ဆောင်လာသော ဗီယက်နမ်နိုင်ငံပိုင် M/T TRACY စားသုံးဆီတင်သင်္ဘောကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ မြန်မာနိုင်ဂရုဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူယနေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သော ပြည်တွင်းခရီးသွားစစ်တမ်းအရ မြန်မာနိုင်ငံသားများ အများဆုံးသွားရောက်လည်ပတ်ခဲ့ကြသော မြို့ငါးမြို့မှာ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ တောင်ကြီးတို့ဖြစ်ပြီး ပျမ်းမျှရက်ပေါင်း ၁၀ ရက်ခန့် နေထိုင်ကြသည်ဟု ဆိုသည်။ နိုင်ငံတော်အစိုးရရုံးစိုက်ရာဖြစ်ပြီး နိုင်ငံ၏ အချက်အချာနေရာတွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး လွန်စွာကောင်းမွန်သော နေပြည်တော်မြို့တော်မှာ ပြည်တွင်းခရီးသွားတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ထိပ်ဆုံးမြို့များ စာရင်းဝင်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် သွားရန် လိုအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2023

​​​​​​​လျှပ်စစ်သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံးအရာ ဖြစ်သည်။ လျှပ်စစ်ဖြင့် လောကသစ်ကိုတည်ဆောက်နိုင်ပြီး လျှပ်စစ်မရှိလျှင် အမှောင်အတိကျ၍ အကျည်းတန်သောဘဝတွင် နေရသလိုဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်တိုးပွားလာသောလူဦးရေနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမှုတို့ကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များလာသည်။ လျှပ်စစ် ကဏ္ဍတွင် အခက်အခဲများရှိ၍ ဝန်နှင့်အားမျှတမှုရှိစေရေးအတွက် ထိန်းညှိမောင်းနှင် ရသည်။ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းကို အပိုင်းအလိုက်၊ အချိန်အလိုက် အချိုးကျဆောင်ရွက်နေသည်ကိုတွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်