Apr 06, 2023
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း အလျင်အမြန် ပြန်လည်တိုးတက်လာစေရေး မဟာဗျူဟာလုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာ ခန်းမ၌ ကျင်းပသည်။
Apr 06, 2023
မြန်မာသမိုင်းအဖွဲ့ ပညာရှင်ဆရာကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၄ ရက်က ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ သမိုင်းသုတေသနဌာန (ရန်ကုန်) ပညာ ဆောင်၌ ကျင်းပသည်။
Apr 06, 2023
Earth Renewable Energy Co.,Ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။
Apr 06, 2023
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသားကျောင်းသူများကို လူရည်ချွန်စခန်းအသီးသီးသို့ စေလွှတ်နိုင်ရေး ကြိုတင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 06, 2023
၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့် ဆန်များ အောင်မြင်စွာ တင်ပို့ပြီးစီးခဲ့သည့် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Apr 06, 2023
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးခဲ့သည့် မျက်မြင်တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 06, 2023
မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း ဒဂုံမြို့နယ်ရှိ ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။
Apr 06, 2023
မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီစာပေတိုက် နှစ်ပတ်လည်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်သည်။
Apr 06, 2023
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃၁) သင်တန်းဆင်းပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်းနှင့် ကျမ်းသစ္စာပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
Apr 06, 2023
၁၉၉၅ ခုနှစ်၊ မတ် ၂၇ ရက်၊ နှစ်(၅၀)ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
Apr 06, 2023
မြန်မာနိုင်ငံသည် သဘာဝရေအရင်းအမြစ်များ ပေါများကြွယ်ဝသောနိုင်ငံ ဖြစ်သည်။ သဘာဝမြစ်ချောင်းအင်းအိုင်နှင့် ရေထွက်များပေါများသည်။ နှစ်စဉ် ရေအရင်းအမြစ်များမှ ရေကောင်းရေသန့်များ ရရှိနိုင်သည့်ပမာဏသည် အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက အရင်းအမြစ် ဒုတိယအပေါများဆုံးနိုင်ငံဖြစ်သည်။ ၂၀၁၁ ခုနှစ် မှတ်တမ်းများအရ အာရှတိုက်တွင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံပြီးလျှင် ပဉ္စမမြောက်အရင်းအမြစ်ပေါများသည့် နိုင်ငံဖြစ်သည်။
Apr 06, 2023
မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လိုအပ်ချက်တစ်ရပ်မှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ နိုင်ငံ့စီးပွားရေးတွင် အဓိကမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်း၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲနှင့် ဒေသအသီးသီးမှ လုပ်ငန်းရှင်များ တွေ့ဆုံကြရာတွင် တူညီသော တောင်းဆိုမှုတစ်ခုမှာ လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိရေးဖြစ်သည်ကို သတိပြုမိသည်။
Apr 05, 2023
“ဘုရားရှင်ကို ချစ်ကြည်ညိုက သူအိုသူနာအနာထာကို မေတ္တာပို၍ ရိုသေလေးမြတ် လုပ်ကျွေးအပ်၏” ဟူသည့် ဘုရားဟောတရားနှင့်အညီ နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာ ပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိကု ဆရာဝန်ပါရဂူကြီးများက ယနေ့နံနက်ပိုင်းတွင် သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ စတင်၍ အခမဲ့ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
Apr 05, 2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာအုပ်စု၊ ဝါးချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၅၀၄ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Apr 05, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတစ်ဝန်း ပြည်သူအများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်းထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေး စသည့် ရည်မှန်းချက်တာဝန်များချမှတ်၍ ရထားကွန်ယက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထားခရီးစဉ် (၁၈)စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင်ရထားခရီးစဉ် (၈)စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)စင်း၊ စုစုပေါင်း ရထားခရီးစဉ် (၆၈)စင်းတို့နှင့် ကုန်ရထား ခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့် အဆင့်မြှင့်တင် နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင် ပေးလျှက်ရှိပါသည်။
