Apr 07, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Apr 07, 2023
ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ PDF အမည်ခံအကြမ်းဖက်သမားများက လမ်း/တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင်ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားနည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိသည်။
Apr 07, 2023
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 07, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၆-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၈၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၀၇) ရာခိုင်နှုန်း ရှိပါသည်။
Apr 07, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၁/ ၂၀၂၃)နှင့် ဦးစီးအရာရှိ (အင်ဂျင်နီယာ)များ မွမ်းမံသင်တန်းအမှတ် စဉ် (၁/၂၀၂၃) တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ကျင်းပသည်။
Apr 07, 2023
၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက် ရှိသည့် ဝူရှူးအားကစားနည်းမှ (ချန်းစု၊ နန်းချွမ်၊ ထိုက်ချိချွမ်၊ သွေ့လျန့်၊ ဆန်းဆို) အားကစားသမား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးတို့၏ ပြိုင်ပွဲအသွင် လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြ သည်။
Apr 07, 2023
နေပြည်တော် ဧပြီ ၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Apr 07, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား LAOSAT Company Limited မှ Chief Executive Officer - CEO Mr. Wu Fang Jie ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမသို့ လာရောက်တွေ့ဆုံသည်။
Apr 07, 2023
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Broadcaster များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
Apr 07, 2023
ပြည်သူများလူမှုစီးပွားဘဝတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီးသောကဏ္ဍဖြစ်သည်။ ပြည်သူများအနေဖြင့် လျှပ်စစ်စွမ်းအားဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နေကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့အောင်လိုအပ်နေသည့် လျှပ်စစ်စွမ်းအားများ အပြည့်အဝပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Apr 07, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦး၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ လုပ်ငန်းအထူးအဖွဲ့များ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင် ၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Apr 07, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင်ဗထူးတပ်နယ်မှ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့်တပ်မတော် (ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး စာရေးသင်တန်းသားများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) အောင်ဆန်းခန်းမနှင့် တပ်မတော် (ကြည်း) အရာခံနှင့်အကြပ်ကြီး သင်ကျောင်းခန်းမတို့တွင် သီးခြားစီတွေ့ဆုံ၍လည်းကောင်း၊ မွန်းလွဲပိုင်းတွင်တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) အောင်ဆန်းခန်းမ ၌တွေ့ဆုံ၍လည်းကောင်း အမှာစကားပြောကြား သည်။
Apr 07, 2023
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်သတ်ဖြတ်မှု၊ တိုက်ခိုက်ဖျက်ဆီးမှုများအတွက် ပြည်ပနိုင်ငံအချို့တွင် ရောက်ရှိခိုလှုံနေကြသည့် ပြည်ပြေးလူပုဂ္ဂိုလ်အချို့၌ တာဝန်ရှိနေသည်။ ၎င်းတို့က မြန်မာနိုင်ငံတွင်လူအများအပြား အသုံးပြုကြသည့် လူမှုကွန်ရက်တို့မှတစ်ဆင့် ပြည်တွင်း၌အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ကြရန် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
Apr 06, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၅-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း (၃,၅၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၄) ရာခိုင်နှုန်း ရှိပါသည်။
Apr 06, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
