Skip to main content

Feb 12, 2023

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ. သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၁-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၀၀၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂)ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဖွင့်လှစ်ပြသလျက်ရှိသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြခန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသား ရိုးရာအစားအစာနှင့် ဒေသထွက် ကုန်ပစ္စည်း အရောင်းပြခန်းများကို ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ပြသလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် ပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ အပိုင်း(၁) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အစိုးရနည်းပညာအထက် တန်းကျောင်း (နေပြည်တော်) အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး ဦးအောင်ထိုက်သူက သင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ ရိုးရာအစားအစာနှင့် စက်မှုဇုန်ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့် ပွဲတော်ကြီး။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်း ယာယီရေထိန်း ဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ ကျေးရွာအနီးရှိ ဆင်သေချောင်း ယာယီရေထိန်းဆည်တွင် ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေအသုံးချမည့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

ယနေ့သည် တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းညီညွတ်မှုကို အခိုင်အမာ စိုက်ထူနိုင်ခဲ့သည့် ပြည်ထောင်စုနေ့အခါသမယဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိလာအောင် ပင်လုံမြေတွင် တိုင်းရင်းသားခေါင်းဆောင်များ စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ထားနိုင်ခဲ့သည့် နေ့ထူးနေ့မြတ် နေ့တစ်နေ့ဖြစ်သည်။ ဤနေ့ထူးနေ့မြတ်မှသည် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲနေစေရန် စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် နိုင်ငံတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2023

မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ သက်တမ်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်မရှေးမနှောင်းပင် ဖြစ်သည့်အတွက် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများပင်ဖြစ်သည်။ ဤမျှရှည်ကြာသော ကာလအတွင်း နိုင်ငံအတွက်၊ ဒေသအတွက်၊ လူမျိုးစုများအတွက် အကျိုးရလဒ် သို့မဟုတ် မှန်ကန်သော အဖြေတစ်စုံတစ်ခုမှ ထွက်ပေါ်လာခြင်းမရှိဘဲ နိုင်ငံ၏အရင်းအမြစ်များစွာ ဆုံးရှုံးခဲ့ရခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးခဲ့ရခြင်းတို့ကြောင့် နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများ အဆင့်မှာပင် နောက်တန်းသို့ ရောက်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2023

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ဒုတိယနေ့တွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၀၉ ဦးအား အဆိုပါကျေးရွာရှိ ဂူကုန်းကျောင်းတိုက်ကြီး၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2023

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၀-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၉၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2023

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

ဆက်လက်ဖတ်ရှုရန်

Feb 11, 2023

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်