Skip to main content

Apr 05, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက် (ရန်ကုန်) အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းပြသမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၄-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၈၀၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၌ ကျင်းပသည့် အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

မြန်မာတစ်မျိုးသားလုံးအလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၃ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် ယခုနှစ်မှ နေပြည်တော်တွင် စတင်ပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၂ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာ စာအုပ်ကို(အင်္ဂလိပ်/ မြန်မာ)နှစ်ဘာသာဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်တွင်ထုတ်ပြန်သည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ website ဖြစ်သည့် http://www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်စေရန်၊ မြန်မာမှုမြန်မာ့ဟန်မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် နိုင်ငံတစ်ဝန်းစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြားဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသော စင်ကာပူသမ္မတနိုင်ငံ အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံး(AMRO)တွင် မေခရိုစီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းခွင်သင်တန်း (AMRO Secondment Program)သို့ တက်ရောက်ခဲ့ကြသည့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ အရာထမ်းနှစ်ဦးတို့က၎င်းတို့၏ လေ့လာသင်ကြားမှုအတွေ့အကြုံများ ဆွေးနွေးဖလှယ်သည့် အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၄ ခုနှစ် ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.Vinay Kumar နှင့်အဖွဲ့ကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Won Bae Dahn အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်စတင်ထမ်းဆောင်ချိန်တွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာကာ တိုင်းပြည်ဖျက်ဆီးရေးကို လုပ်ကိုင်လာကြသည်။ အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများ၊ စစ်ရေးမဟုတ်သည့် အခြားသောနေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ နိုင်ငံရေးကိုအကြောင်းပြ၍ တိုင်းပြည်အလုံးစုံပျက်စီးရေးကို ဖန်တီးနေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2023

ကမ္ဘာတစ်ခွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်နေစဉ်ကာလ ကမ္ဘာ့နိုင်ငံများစွာတို့တွင် တံခါးပိတ်စနစ်ကို ကျင့်သုံး၍ လူများလှုပ်ရှားသွားလာမှုကို ကန့်သတ်ခဲ့ကြရသည်။ အဆိုပါ အစီအစဉ်သည် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်အပေါ်၌လည်း အကျိုးသက်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ အဓိကအကျိုးသက်ရောက်မှုမှာ လူများငြိမ်သက်သွားခြင်းကြောင့် သဘာဝတရားကြီးက သန့်ရှင်းကြည်လင်စွာ နိုးထလာခဲ့ခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2023

နိုင်ငံတော်အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG ၏ နောက်ကွယ်မှ အားပေးအားမြှောက်မှုရယူကာ Federal School of Aung Myay Thar Zan အမည်ဖြင့် တရားမဝင်ပညာသင်ကြားခြင်းအား Online စနစ်ဖြင့် ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ အိရွှေစင်မြင့်အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်