Skip to main content

စစ်တွေမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဘယရက္ခိတပရိယတ္တိစာသင်တိုက်နှင့် ပညာလင်္ကာရ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ သာသနိက အဆောက်အဦများ ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ အဆိုပါကျောင်းတိုက်များမှ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ရခိုင်ပြည်နယ်၊ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အဘိုးအဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးဝါးများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြသည်။ ၎င်းနောက် အဘိုးအဘွားများအား နေ့လယ်စာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းပြီး ဘိုးဘွားရိပ်သာ ကော်မတီဥက္ကဋ္ဌက ရိပ်သာဝန်းအတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများ ပြုပြင်ပြီးစီးမှုနှင့် အဘိုးအဘွားများ နေထိုင်စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်