Skip to main content

ဒီဘုရားကြီးမှာ ထူးခြားတာကတော့ အဆောက်အအုံတွေကို စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားတာ၊ အခင်းတွေကိုလည်း စကျင်ကျောက်တွေနဲ့ ခင်းထားတဲ့အတွက် သွားလေရာ၊ လာလေရာမှာ အေးချမ်းနေတယ်လို့ ခံစားရပါတယ်

ဒီဘုရားကြီးမှာ ထူးခြားတာကတော့ အဆောက်အအုံတွေကို စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားတာ၊ အခင်းတွေကိုလည်း စကျင်ကျောက်တွေနဲ့ ခင်းထားတဲ့အတွက် သွားလေရာ၊ လာလေရာမှာ အေးချမ်းနေတယ်လို့ ခံစားရပါတယ်

ဦးအေး(မိတ္ထီလာမြို့)

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ ဆဋ္ဌမနေ့ဖြစ်သောဩဂုတ် ၁၃ ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဘုရားဖူး ရောက်ရှိလာသော မြန်မာနိုင်ငံတစ်ဝန်းမှ မိဘပြည်သူများနှင့်တွေ့ဆုံပြီး ယင်းတို့၏ ရင်တွင်းခံစားရသော စကားသံများ၊ သာဓုအနုမောဒနာ ခေါ်ဆိုသံများ၊ အနာဂတ်ဗုဒ္ဓသာသနာအတွက် မြော်တွေး၍ တက်ကြွသော စကားသံများကို နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်၍ ပြန်လည် ရေးသား မျှဝေလိုက်ရပါသည်။

ဆရာတော် ဥူးနေမိန္ဒ ထန်းတပင်မြို့နယ်

ဦးဇင်းကတော့ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရွာသစ်ကြီးကျေးရွာကန်မြင့် မဟာစည်သာသနာ့ရိပ်သာကပါ။ လာရောက်ရတဲ့ ရည်ရွယ်ချက် ကတော့ စာပေမှာရှိပါတယ်။ စာပေမှာ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံသရဏမုတ္တမံ။ ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒက္ခာ ပမုစ္စရေဆိုတဲ့အတိုင်းပဲ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မယ်ဆိုရင် နောက်ဆုံးနိဗ္ဗာန်ထိတိုင် ချမ်းသာသုခရနိုင် တယ်ဆိုတဲ့ အကျိုးတရားတွေကို ဘုန်းဘုန်းတို့ကိုယ်တိုင် သိတဲ့အတွက်ကြောင့် နယ်အဝေးကြီးကနေ လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ အိပ်ရာထတဲ့အချိန်ကတော့ နံနက် ၃ နာရီလောက်ကပဲ။ ရန်ကုန် သုညမိုင်ကနေ နံနက် ၅ နာရီလောက် ထွက်လာပါတယ်။ ဘုန်းဘုန်းတရားလည်းထိုင်ပြီးပါပြီ၊ ဂုဏ်တော်တွေလည်းပွားပြီးပါပြီ။ တကယ်တမ်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီဘုရားကြီးကို ဦးဆောင်ဦးရွက်ပြု လုပ်သူတွေကို ကျေးဇူးလည်းတင်ပါတယ်၊ မေတ္တာလည်းပို့ပါတယ်။ အခုတော့ ဘုရားကြီးပဲ ဖူးဖြစ်သေးတယ်။ ဂန္ဓကုဋိတိုက်တွေ၊ ကျောက်စာရုံစေတီတွေကိုတော့ မသွားရသေးဘူး။ ပြီးရင်သွားမယ်။ အဓိကကတော့ တရားထိုင်ရတာအမြတ်ပေါ့။ ဘုရားကြီးရဲ့အကြောင်းကို ရုပ်မြင်သံကြားမှာ ထုတ်လွှင့်တာလည်း ကြည်ညိုစရာကောင်းပါတယ်။ ရုပ်မြင်သံကြားမှာလည်း ဖူးမြော်ကြည်ညိုကြပါ။ ကိုယ်တိုင် ကိုယ်ကျ လာရောက်ဖူးမြော်မယ်ဆိုရင်ပိုပြီးတော့ သဒ္ဓါတရားတွေ ထက်သန်ပါတယ်။ အဲဒီတော့ ကိုယ်တိုင် လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းပြော ကြားလိုပါတယ်။

ဦးတင်ဦး လှည်းကူးမြို့နယ်

ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကလီထော်ကျေးရွာကပါ။ ဒီဘုရား ကြီးကို လာရတာ အင်မတန်မှ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နိုင်ငံတော်အကြီးအကဲတွေရဲ့ ဦးဆောင်မှု၊ ဗိသုကာပညာရှင်ကြီးတွေရဲ့ လက်ရာ ပြောင်မြောက် မှုတွေ ကြည့်ခြင်းအားဖြင့် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ အံ့မခန်းလောက်စရာပါပဲ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အခုလိုဖြေကြား ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အမှန်တကယ်က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုထင်ရှား၊ ကျော်ကြား၊ တန်ခိုးကြီးမားတဲ့ ဘုရားကြီးတစ်ဆူကို တည်ထားကိုးကွယ်ထားတဲ့အတွက် ရဟန်းရှင်လူ ပြည်သူများ ဝမ်းသာပီတိ ဖြစ်ကြမှာဖြစ်ပါတယ်။

မဌေးဌေးဆင့် မန္တလေးမြို့

ကျွန်မကတော့ မန္တလေးမြို့ စက်မှုဇုန်(၂)ကပါ။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုးကွယ်တည်ထားတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်လို့ ပထမဆုံးပြောချင်ပါတယ်။ အဝေးကနေလာရတာ၊ လာရကျိုးလည်းနပ်ပါတယ်။ လမ်းကစစ်ဆေးရေး ဂိတ်မှာဆိုလည်း ညီမလေးတို့ အကြာကြီးစောင့် နေရတယ်။ အခု ဒီလည်းရောက်ရော တကယ်ပင်ပန်းတာတွေ အကုန်ပျောက်သွားပြီ။ ဘုရားကြီးမှာရှိတဲ့ နားနေဆောင်တွေမှာဆိုရင် ဝင်လိုက်တာနဲ့ အေးချမ်းနေတာကို တော်တော်အံ့ဩနေတာ။ တအားကိုအေးချမ်းတာ။ ဘယ်လောက်ပဲနေပူပူ ဘုရား ကြီးရဲ့မျက်နှာတော်က သပ္ပာယ်ပြီး အင်မတန်ကြည် ညိုစရာ ကောင်းပါတယ်။ လာဖူးရတဲ့အတွက်လည်း ကျေနပ်ပီတိဖြစ်ရပါတယ်။ နောက်ပြီး ဒီမှာရှိတဲ့ အဆောက်အအုံတွေမှာဆိုရင် ပန်းချီ၊ ပန်းပုတွေ တကယ်လက်ရာ မြောက်တယ်။ ခံစားချက်အနေနဲ့ ဆိုရင် အခြားနေရာတွေထက် ပိုတယ်လို့ထင်ပါတယ်။ ကျောက်စာရုံစေတီတွေဘက်ကိုတော့ မရောက် ဖြစ်သေးဘူး။ ကျွန်မအမေဆိုရင် လာတုန်းကခြေထောက်နာနေတာ။ အခုတော့ ခြေထောက်နာတာတောင် ပျောက်သွားတယ်လို့ပြောတယ်။ ပြီးတော့ လေ့လာမှတ်သားစရာတွေက ပြောမပြတတ်အောင်များလွန်းပါတယ်။ တကယ်လေ့လာမယ်ဆိုရင်ပေါ့လေ။ ဘုရားကြီးတည်ဖြစ်အောင် ဆောင်ရွက်ပေးသူ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဦးအေး မိတ္ထီလာမြို့

ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပေါက်ချောင်း(၁) ရပ်ကွက်ကနေ ဘုရားဖူးလာရခြင်း ဖြစ်ပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက်လည်း ကျွန်တော်တို့မိသားစုအားလုံးနဲ့ ကမ္ဘာသူကမ္ဘာသားတွေ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့နေနိုင် အောင်ရည်ရွယ်ပြီး ဆုမွန်ကောင်း ပို့သကာ လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ပြီးတော့ ဒီဘုရားကြီးကို လစဉ်လတိုင်း၊ နှစ်စဉ်နှစ်တိုင်း ကျန်းကျန်းမာမာနဲ့ လာရောက်ဖူးမြော်နိုင်အောင်လည်း နဝကမ္မ အလှူငွေလှူဒါန်းပြီး အမြဲတမ်း သာသနာပြုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သပြီးပါပြီ။ ဒီဘုရားကြီးမှာ ထူးခြားတာကတော့ အဆောက် အအုံတွေကို စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားတာ၊ အခင်းတွေကိုလည်း စကျင်ကျောက်တွေနဲ့ ခင်းထားတဲ့အတွက် သွားလေရာ၊ လာလေရာမှာ အေးချမ်း နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့တစ်သက်မှာတော့ အခုလိုမျိုး ထူးထူးခြားခြား ရုပ်ပွားတော်ကြီး၊ ဆင်းတုတော်ကြီးတွေကို မဖူးဖူးပါဘူး။ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။ အခုတော့ ဘုရားကြီးကို ဖူးပြီးသွားပါပြီ၊ အောင်မြေလည်းနင်းပြီးသွားပါပြီ။ ဂန္ဓကုဋိတိုက် ၂၄ ဆောင်မှာဆိုရင် ဗုဒ္ဓဝင်ဇာတ်တော်တွေ ပန်းချီနဲ့ ရေးဆွဲထားတာတွေကို လေ့လာဖတ်ရှုဖြစ်ပါတယ်။ အဲဒီလိုထားပေးတဲ့အတွက်လည်း ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘုရားရဲ့အဆုံးအမတွေကို လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် နိဗ္ဗာန်ခရီးလမ်းကို ပိုနီးတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အဲဒီလိုပဲခံယူပါတယ်။ ကျောက်စာရုံစေတီတွေနဲ့ အခြားကျန်တဲ့နေရာတွေကို မလေ့လာရသေးပါဘူး။ ပြီးရင် အဲဒီဘက်ကိုသွားမှာပါခင်ဗျာ။

ဦးမျိုးချစ် ဇမ္ဗူသီရိမြို့နယ်

ကျွန်တော်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကအဖွဲ့ဝင်ပါ။ ဇမ္ဗူသီရိမြို့နယ်မှာနေပါတယ်။ ကျွန်တော်ကတော့ ပထမအကြိမ်၊ ဒုတိယအကြိမ်ဖူးပြီးပါပြီ။ အခုက တတိယအကြိမ်မြောက် မိသားစုနဲ့အတူ လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ လေ့လာစရာတွေအနေနဲ့ကတော့ ဂန္ဓကုဋိတိုက် ၂၄ ဆောင်မှာ ဗုဒ္ဓဝင် ဇာတ်တော်တွေနဲ့ ၂၄ ပစ္စည်းကို တစ်ခုချင်းရှင်းပြထားတဲ့ ပန်းချီကားတွေ လေ့လာဖတ်ရှုရပါတယ်။ ကျောက်စာရုံစေတီဘက်မှာဆိုရင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာတွေကို ပါဠိအက္ခရာ၊ ရိုမန်ဘာသာတို့နဲ့ ထွင်းထုထားတာတွေ လေ့လာဖတ်ရှုခွင့်ရပါတယ်။ လေ့လာမှတ် သားစရာတွေ အများကြီးပါ။