နေပြည်တော် ဩဂုတ် ၁၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ သိန်းသန်းချီကားဝင်းအနီး၌ စုပုံထားသော တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် MOJIA Chair တစ်ခု၊ Wifi Router အခု ၅၀၀ အပါအဝင် ကုန်ပစ္စည်း ၂၁ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀၀၂၀၀၀)ကိုလည်းကောင်း၊ မူဆယ်မြို့ မင်္ဂလာမူဆယ်အနီးလမ်းမကြီးဘေးတွင် စုပုံထားသော တရားမဝင်အကောက် ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ်တံဆိပ်ပါ Beer ၃၆၂၄ ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၃၆၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄၃၈၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဩဂုတ် ၁၂ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီခရိုင်တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့က မြဝတီမြို့သင်္ဃန်းညီနောင် ကျေးရွာအနီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Slipper ဖိနပ် အရန် ၉၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Vanette တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဩဂုတ် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သိန္နီမြို့နယ် နမ့်အွမ်ကျေးရွာအနီး ရှောင်ကွင်းလမ်းထိပ်တွင်ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းဟုယူဆရသော ကျောက်တုံးဆိုဒ်စုံ ၁၉ တုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Crown Saloon တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဩဂုတ် ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က သာယာဝတီခရိုင်အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၄၇၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃၁၀၅၈)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဩဂုတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲရှစ်မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၆၁၉၀၅၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်