Apr 01, 2023
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ညစာစားပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံးဥပစာ၌ ယနေ့ညနေ ၆ နာရီတွင် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ချီးမြှင့်သည်။
Apr 01, 2023
၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Apr 01, 2023
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ထမ်းများ တက်ရောက်ကြသည်။
Apr 01, 2023
ရခိုင်ပြည်နယ် စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရာမစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရိယ မင်းပြားဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Apr 01, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Apr 01, 2023
လူအချင်းချင်း စာနာထောက်ထားမှုလုံးဝမရှိ မေတ္တာတရားခေါင်းပါးစွာဖြင့် သားကောင်သဖွယ်ဆက်ဆံသော အပြုအမူသည် လူကုန်ကူးခြင်းဖြစ်သည်။ လူကို ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ကုန်သွယ်မှုအဖြစ်သဘောထားခြင်း သို့မဟုတ် ကျွန်စနစ်အဖြစ် သွတ်သွင်းခြင်းလက္ခဏာများသည် လူကုန်ကူးခြင်း သို့မဟုတ် လူမှောင်ခိုကူးခြင်းဖြစ်သည်။ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်းသည် သဘောသဘာဝတူသော်လည်း အသွင်သဏ္ဌာန်မှာ ကွဲပြားခြားနားသည်။
Apr 01, 2023
နိုင်ငံတစ်နိုင်ငံကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ပုံဖော်တည်ဆောက်ကြရသည့် အဓိကတာဝန်ကို ထမ်းဆောင်ကြသူများမှာ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် အစိုးရအဖွဲ့ကို ရွေးကောက်ပွဲတွင် ပြည်သူကရွေးကောက်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားလှယ်များဖြင့် ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ရာ အစိုးရအဖွဲ့သည် သက်တမ်းအလိုက် ပြောင်းလဲမည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများကိုလိုက်၍ မူဝါဒများလည်း ပြောင်းလဲနေမည်ဖြစ်သည်။
Mar 31, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၀-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၆၆၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်းရှိပါသည်။
Mar 31, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Mar 31, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
Mar 31, 2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်း ပေါ်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရာကားမိုင်းကို ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ် တစ်စီးနင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီးလေးဦးဒဏ်ရာ ရရှိခဲ့သည်။
Mar 31, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 31, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေး ခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၉-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၉၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။
Mar 31, 2023
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို Online စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 31, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ တတိယနေ့ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ လေ့ကျင့်ရေးကွင်း ကွင်းအမှတ်(၃)တွင် အုပ်စု(၂) ကွန်ပျူတာ တက္ကသိုလ် (အောက်မြန်မာပြည်) အသင်း(ခ) ကွန်ပျူတာတက္ကသိုလ်(ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ သထုံ)နှင့် အသင်း(ဂ) ကွန်ပျူတာတက္ကသိုလ် (တောင်ငူ၊ ပြည်၊ ဘားအံ၊ လွိုင်ကော်)တို့ ယှဉ်ပြိုင်ကစားကြရာ ယင်းပွဲစဉ်တွင် အသင်း(ခ)မှ အသင်း(ဂ)ကို သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
Mar 31, 2023
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် အိုးပြင်မဲ-အိုင်းမ ကျေးရွာချင်းဆက်သွယ် သောလမ်းပေါ်ရှိ မန်းချောင်းရေနိမ့်တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Mar 31, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom International Network မှ Pre-sident , Mr. Vadim Titov ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 31, 2023
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသစ်ခန့်အပ်ခဲ့သည့် ဒုတိယဦးစီးမှူးနှင့် စာရင်းကိုင်(၂)ဝန်ထမ်းများကို အဆိုပါဦးစီးဌာန၌ တွေ့ဆုံပြီးအမှာစကားပြောကြားသည်။
Mar 31, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးမစ္စတာ ဂျေအမ်ပရီယန်သာ ဘန်ဒါရာကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 31, 2023
(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်၌ ကျင်းပသည်။
