Skip to main content

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ဗုဒ္ဓပရိဝုဏ်အတွင်း တွေ့မြင်ရမည့် မြန်မာ့ပန်းအလှများ

သမိုင်းကြောင်းခိုင်မာသော လူမျိုးအသီးသီးတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်အနုပညာရပ်များရှိကြသည်။ မြန်မာတို့တွင်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်မြန်မာ့အနုပညာရပ်များရှိသည်။ ပုဂံခေတ်မှသည် ယနေ့ထိတိုင် ထီးနန်းအဆောက်အအုံ၊ သာသနာရေးဆိုင်ရာအဆောက်အအုံများတွင် လည်းကောင်း၊ ပြည်သူလူထု၏ နေ့စဉ်အသုံးအဆောင်နှင့် အလှအပတန်ဆာများ အတွက်သော်လည်းကောင်း ဖြည့်ဆည်းပေးရာ ၁၀ မျိုးသော ပန်းပညာမြန်မာတို့တွင် ရှိသည်။

ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့ “မှတ်လော့” ပွတ်၊ ချီ၊ ယွန်း ဟုအမည်ရ မြန်မာ့အလှအနုပညာရပ်များကို မာရဝိဇယစကျင်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရှိရာ ပရိဝုဏ်အတွင်းတွင် တစုတဝေးလေ့လာနိုင်ပါသည်။