Skip to main content

(၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန်ကုန်စည်ပြပွဲ ဒုတိယနေ့တွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသ

နေပြည်တော်  ဩဂုတ်  ၁၇

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ် (ကူမင်း) ပို့ကုန်-သွင်းကုန်ကုန်စည်ပြပွဲ ဒုတိယနေ့ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဆက်လက်ကျင်းပပြီး မြန်မာနိုင်ငံပြခန်းဆောင်၌ ယဉ်ကျေးမှုအကပဒေသာများဖြင့်ဖျော်ဖြေခဲ့ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာနိုင်ငံပြခန်းဆောင်၏ ကုန်စည်ပြခန်းတွင် ပြသထားသည့် မြန်မာနိုင်ငံ၏ အထင်ကရခရီးသွားနေရာများ၊ မြန်မာ့ထုတ်ကုန်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်ကမ်းစာစောင်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များကို ပြပွဲသို့လာရောက်သူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။

အဆိုပါ ကုန်စည်ပြပွဲကို သြဂုတ် ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နေ့စဉ်ပါဝင်ပြသသွားမည်ဖြစ်ကြောင်းနှင့် မြန်မာပြခန်းဆောင်သို့ လာရောက်ကြည့်ရှုသူများက သိလိုသည်များကိုမေးမြန်းရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်