Skip to main content

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ဝန်ထမ်းများအတွက် ၂၀၂၃ ခုနှစ် အခြေခံရုံးလုပ်ငန်းသင်တန်း (ပထမအကြိမ်) ဖွင့်လှစ်

နေပြည်တော် သြဂုတ် ၁၆

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အရာထမ်း/အမှုထမ်းများအတွက် ၂၀၂၃ ခုနှစ် အခြေခံရုံးလုပ်ငန်းသင်တန်း (ပထမအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းတက်ရောက်ရမည့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ယခုသင်တန်းသည် ကော်မရှင်ရုံးဝန်ထမ်းများ အမှန်တကယ်တတ်မြောက်ရန် လိုအပ်သည့် အခြေခံရုံးလုပ်ငန်းဘာသာရပ်များဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ဂရုတစိုက်သင်ကြားစေလိုကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းသည် အသစ်ခန့်အပ်ထားသည့်ဝန်ထမ်းများအနေဖြင့် အခြေခံရုံးလုပ်ငန်းကို သိရှိနားလည်ရန် လိုအပ်သည့်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က အခြေခံရုံးလုပ်ငန်း သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

အဆိုပါ သင်တန်းအား ကော်မရှင်ရုံးရုံးချုပ်နှင့် ရုံးခွဲများအပါအဝင် သင်တန်းသားဦးရေ ၁၉ ဦးဖြင့် (ပထမအကြိမ်) ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလ ၁၀ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်