Skip to main content

Apr 08, 2023

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး တစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့်နှစ်ပေ ငါးလက်မ၊ ကိုယ်လုံး လုံးပတ် သုံးပေတစ်လက်မ၊ ကိုယ်အလေး ချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ Goal Medal ခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ကျောင်းသားအားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

၂၀၂၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မဟာသင်္ကြန်အကြိုပွဲတော်ကို ယနေ့ညနေ ၄ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုံညီခန်းမဆောင်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ၎င်းတို့၏ ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

၂၀၂၃ ခုနှစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ ယနေ့မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မဟာသင်္ကြန်အကြို ရေကစားဧည့်ခံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရုံးအမှတ်(၃)ဝန်ကြီးဌာန ပရဝဏ်အတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း (အရာထမ်း)များ၏ လစာငွေများကို ATM စက်များမှ ထုတ်ယူနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက်တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒေါ်သန်းသန်းလင်းတို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသော ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများ သင်္ကြန်ယိမ်းအကပြိုင်ပွဲကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲကို သင်္ကြန်ရေစင်များပက်ဖျန်း၍ ပျော်ရွှင်စွာဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့်ပျော်ပွဲရွှင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်များ၊ ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ASEAN Specialized Meteorological Center (ASMC) မှ ထုတ်ပြန်ထားချက်များအရ-

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ လှူဒါန်းသည့် ဝန်ထမ်းကြို/ပို့ယာဉ် လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာ ချန်းဟိုင်တို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

​​​​​​​ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသူနိုင်ငံသား အားလုံးတွင်လည်း တာဝန်ရှိပါသည်။ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ကာကွယ်စောင့်ရှောက်နေကြသည်။ နိုင်ငံတော်ကာကွယ် ရေးတာဝန်မှာ တပ်မတော်၏တာဝန်ဖြစ်သော်လည်း နိုင်ငံသူနိုင်ငံသားများကလည်း အတူပူးပေါင်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ပါမှ မိမိတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ ခိုင်မြဲပြီး နိုင်ငံတကာအလယ်တွင် တင့်တယ်စွာရပ်တည်နေထိုင်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2023

မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ နယ်နိမိတ်တစ်လျှောက်တွင် ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံက ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလမှစတင်၍ မေလအထိ ခြောက်လတာကာလသည် မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့ အတွက် ခြောက်သွေ့သည့်ကာလဖြစ်ပြီး ပူပြင်းသည့်ရာသီ ဖြစ်သော မတ်လမှ ဧပြီလတို့တွင် တောမီးလောင်ကျွမ်းခြင်းနှင့် တောင်ယာမီးရှို့ခြင်းကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များမှာ သုံးနိုင်ငံစလုံးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နောင်ဝိုးနှင့် ကျိုင်းခမ်းတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2023

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၆) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2023

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၆)၊ သူရတပ်ခွဲပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2023

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၆) သူရတပ်ခွဲသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်