Apr 09, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 09, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၇-၄-၂၀၂၃) ရက်နေ့၊ ည(၈:၀၀) နာရီမှ (၈-၄-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၆၃၅)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၁) ရာခိုင်နှုန်းရှိပါသည်။
Apr 09, 2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသရှိ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်းရှင်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Apr 09, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။
Apr 09, 2023
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီတွင် ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ သွားရောက်၍ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များဖြစ်ကြသည့် နွေဦးကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့တူးပို့၊ ပိတောက်မျက်နှာ၊ နှစ်သစ်မင်္ဂလာ၊ ပန်းမျိုးတစ်ရာမဏ္ဍပ်များ၊ စတုဒိသာ မဏ္ဍပ်၊ ဆိုင်ခန်းများ တည်ဆောက်ပြီးစီးမှုနှင့် ရေကစားရန် ရေပိုက်လိုင်းများသွယ်တန်းထားမှု၊ Springler များ၊ Springler Gunများနှင့် ရေမှုန်ရေမွှားလျှောက်လမ်းများ တပ်ဆင်ထားရှိမှု၊ ရောင်စုံထီးများအလှတပ်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။
Apr 09, 2023
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများရှိ ဝန်ထမ်းမိသားစုများ၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။
Apr 09, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို ဝန်ထမ်းမိသားစုစတုဒိသာကျွေးမွေးခြင်နှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၊ ရုံးအမှတ်(၂)နှင့် ရုံးအမှတ်(၂၉)တို့တွင် ကျင်းပသည်။
Apr 09, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရားလမ်းရှိ မြန်မာ့လက်မှုအနုပညာ စင်တာ(ရန်ကုန်)၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြိုနှင့် ဈေးရောင်းပွဲတော်ကို ကြည့်ရှု အားပေးသည်။
Apr 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းနှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကိုသွား ရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် မိုင်းပျဉ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
Apr 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဟိုပုံးတပ်နယ် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ အရာရှိ၊ စစ်သည်များ၊ နည်းပြများနှင့် သင်တန်းသားများကို အဆိုပါကျောင်းသင်တန်းခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
Apr 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးတင်ဦးလွင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ ဆင်သေချောင်း ယာယီရေထိန်းဆည် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆိုလာစနစ်သုံးရေတင်စနစ် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံသည်။
Apr 09, 2023
မြန်မာနိုင်ငံတွင် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရေးအတွက် နိုင်ငံတော် အစိုးရက ဦးတည်ချက်ချမှတ် အကောင်အထည်ဖော်လျက်ရှိပြီး ပြည်သူများကျန်းမာရေးအတွက် အရေးကြီးသည့် အချက်တစ်ခုဖြစ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ပါးရေးကို အလေးထားလုပ်ဆောင်လျက်ရှိသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွင် မြေပြင်၊ ရေပြင်၊ လေထုမသန့်ရှင်းမှုအမျိုးမျိုးပါဝင်ပြီး လေထုသန့်ရှင်းမှုအခြေအနေကို သိရှိနိုင်ရန်အတွက် နိုင်ငံတစ်ဝန်း၌ လေထုအရည်အသွေး လေ့လာဆန်းစစ်ချက် ကို ပုံမှန်ပြုလုပ်လျက်ရှိသည်။
Apr 08, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်သွားရောက်ခဲ့သည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ထိန်လင်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Apr 08, 2023
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံPDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့်ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။
Apr 08, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 08, 2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလုပ်ငန်းသုံး ပရိဘောဂပစ္စည်း စာအုပ်တင်သံစင်(၅)ဆင့်နှစ်ဖက်ပါ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Apr 08, 2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြားရုံးသုံးပစ္စည်းနှင့် ရုံးသုံးစက်ကိရိယာများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
Apr 08, 2023
၂၀၂၃ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 08, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
