Jul 08, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၃၉ ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Jul 08, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၆ ထပ် အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jul 08, 2026
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၂၆ ခုနှစ်)
Jul 08, 2026
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၂၆ ခုနှစ်)
Jul 08, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်အဝေးသင်တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
Jul 08, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Kunming Vocational University of Science and Technology ၏ ပူးပေါင်းစီစဉ်မှုဖြင့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း (Chinese Culinary Training) ဖွင့်ပွဲကို ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ပန်သစ္စာဟိုတယ်၌ ကျင်းပသည်။
Jul 08, 2026
မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို) က ကျင်းပသည့် (၁၆) ကြိမ်မြောက် ဟာသပညာရှင်ကြီးများ ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးအိမ်ရာ (လူရွှင်တော်ရွာ) ၌ ကျင်းပသည်။
Jul 08, 2026
အားကစားရေးရာဝန်ကြီးဌာန၏ မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရိဝုဏ်အတွင်းရှိ ပြေးခုန်ပစ်တာဝေးအားကစားပြိုင်ကွင်းနှင့် ဝဏ္ဏသိဒ္ဓိရေကန်တို့၌ ကျင်းပသည်။
Jul 08, 2026
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2026
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လုပ်ငန်းကော်မတီဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 08, 2026
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်း ကျင်းပသည်။
Jul 08, 2026
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2026
ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းများ ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 08, 2026
အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၄) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပသည်။
Jul 08, 2026
လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး၊ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အနာဂတ်နှင့် လွှတ်တော်၏ မူဝါဒရေးရာ အခန်းကဏ္ဍဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသဘင်ဆောင်၌ ကျင်းပသည်။
Jul 08, 2026
နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်။
Jul 08, 2026
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone- REZ) အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး သုံးခုတို့တွင် စုစုပေါင်းဧက ၃ ဒသမ ၄ သိန်းကျော်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားမည်ဟု သိရသည်။
Jul 07, 2026
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပြီး အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဒေသများတွင် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပြန်လည်ချောမွေ့လာစေရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မြို့/ရွာများ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့် နေ့မအား ညမနား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jul 07, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ အီသီယိုးပီးယားနိုင်ငံသား သုံးဦး၊ နီပေါနိုင်ငံသား တစ်ဦး၊ ယူဂန်ဒါနိုင်ငံသား တစ်ဦးနှင့် ရုရှားနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ကိုးဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Jul 07, 2026
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြင့်မားလာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးများ ပိုမိုလျှင်မြန် မြန်ဆန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ အလေးထားအားပေးဆောင်ရွက်လျက်ရှိသော်လည်း PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ ကိုယ်ကျိုးအတွက်သာ ရှေးရှု၍ ကလေးငယ်များအား အမှား၊ အမှန်၊ အကောင်း၊ အဆိုးများကို ဝေဖန်ပိုင်းခြားတတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများကို သင်ကြားပြသပေးလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့နယ်၊ ကျေးရွာများမှ ဆရာ၊ ဆရာမများအား သစ္စာမဲ့ဝန်ထမ်း Disloyality Civil Servant(DCS) လုပ်ရန် လက်နက်အားကိုးဖြင့် အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် စာသင်ကျောင်းများအား ပိတ်ထားရန် ခြိမ်းခြောက်ခြင်းနှင့် စာသင်ကျောင်းများအား ယာယီစစ်စခန်းအဖြစ် အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
