Jul 11, 2026
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်)သို့ တက်ရောက် ဆွေးနွေးခဲ့သည်။
Jul 11, 2026
အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 11, 2026
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂၈) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
Jul 11, 2026
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပဏ္ဍိတလမ်းရုံးအမှတ် (၄-ဂ) အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာစုစုဒွေးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
Jul 11, 2026
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကြာအင်း ကျေးရွာနေ ဒေါ်ပပလှိုင် အသက် ၃၂ နှစ်သည်သားဦးအမြွှာ ကိုယ်ဝန်ဖြင့် လှည်းကူးမြို့ ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူခဲ့ ပြီး ကိုယ်ဝန်ဆောင်ကာလ (၃၂)ပတ်ကျော်ချိန်တွင် ရေမြွှာပေါက်ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ပြီး ယင်းနေ့ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type)ကို အောင်မြင်စွာ ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့သည်။
Jul 11, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကိုကိုးကျွန်းမြို့နယ်မှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူရှစ်ဦးစလုံး အောင်မြင်ခဲ့ကာ တပ်မတော် မိသားစုဝင် သားသမီးများနှင့် တပ်မတော်(လေ)မှ တပ်သားတစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုကဲ့သို့ ပူးပေါင်းကြိုးပမ်း အားထုတ်မှုမှ အနာဂတ်ပန်းခင်းလမ်းကို ပုံဖော်စွမ်းဆောင်နိုင်ခဲ့ကြသော ကိုကိုးကျွန်းမှ ပညာ့အလင်း ဆောင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ၏ ဝမ်းသာပီတိ စကားသံများကို စုစည်းဖော်ပြ အပ်ပါသည်။
Jul 11, 2026
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 11, 2026
နီပေါ-မြန်မာ ဒီဂျစ်တယ်ကူးပြောင်းမှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင် ရွက်ရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးခတ္တာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 11, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jul 11, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဟားခါး - ဖလမ်းလမ်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Jul 11, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 11, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ် ယုဇနတံတား အသစ်တည်ဆောက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုနေမှုကို ကွင်းဆင်းကြည့်ရှုသည်။
Jul 11, 2026
သာသနာရေးဝန်ကြီးဌာန ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ၌ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်အမှာ စကားပြောကြားသည်။
Jul 11, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 11, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
Jul 11, 2026
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De Baecque ၊ ဥပဒေရေးရာညှိနှိုင်းရေးမှူး Ms. Samindika Dilani Elkaduwe တို့အား ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 11, 2026
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အတူ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် International Leadership College (ILC) မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်း ၁၂၀ ကျော်အား ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးချိန် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ တွေ့ဆုံသည်။
Jul 11, 2026
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (၁/၂၀၂၆)အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ အေဂျင်စီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အေဂျင်စီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ပြင်ပအဖွဲ့အစည်းများမှ အေဂျင်စီအဖွဲ့ဝင်များ တက်ရောက်သည်။
Jul 11, 2026
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၆ (Ayeyarwady Investment Forum-2026)ကို ပုသိမ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Jul 11, 2026
မြန်မာနိုင်ငံသည် မဟာဗျူဟာအရ အချက်အချာကျသော အနေအထားတွင် တည်ရှိသည်။ အိမ်နီးချင်း ငါးနိုင်ငံနှင့်တစ်ဆက်တစ်စပ်တည်း ထိစပ်လျက်ရှိကာ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများရှိပြီး အရှေ့နှင့်အနောက်ကို ဆက်သွယ်ပေးသော ဗဟိုချက်မဖြစ်သည်။ နယ်စပ်ဒေသကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှုများကို အထောက်အကူပြုသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။
