Skip to main content

Jul 07, 2026

၂၀၂၆ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ) သင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ဦးရဲမြင့်ထွန်း၊ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်၊ အားကစားအဖွဲ့ချုပ်များမှ နည်းပြများ၊ သင်တန်းသား ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အစားထိုးပြောင်းလဲခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 07, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2026

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး ဦးဝေလင်းသည် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက် (တနင်္လာနေ့) တွင် ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော်၌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းထံ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2026

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း

ဆက်လက်ဖတ်ရှုရန်

Jul 07, 2026

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 07, 2026

၂၀၂၆ ခုနှစ် ကမ္ဘာ့ကျေးလက်ဒေသဖွံ့ဖြိုးရေးနေ့ဆောင်ပုဒ်သည် “တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်းဖော်ဆောင်ရေး” ဖြစ်သည်။ အဆိုပါဆောင်ပုဒ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရတစ်ရပ်တည်း အင်အားဖြင့် ဆောင်ရွက်၍မရပေ။ နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူလူထုတစ်ရပ်လုံးက ညီညွတ်သော စုပေါင်းစွမ်းအားဖြင့် ဟန်ချက်ညီညီ လက်တွဲပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2026

မြန်မာပြည်သူပြည်သားတို့ ငြိမ်းချမ်းရေးကို မျှော်လင့်စောင့်စားခဲ့ကြရသည်မှာ ကာလရှည်လျားကြာမြင့်လှပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးသည် မိမိတို့နိုင်ငံ မိမိတို့မြေပေါ်သို့ နှစ်ကြိမ် တိုင်တိုင်ရောက်ရှိခဲ့သည်။ စစ်ကြီးအပြီး နိုင်ငံလွတ်လပ်ရေးရ၍ ပြန်လည်ထူထောင်မှုတို့ပင် မစရသေး အချင်းချင်းကြားသံသယများ၊ အကွဲအပြဲများ၊ တိုက်ခိုက်မှုများက အရင်ဖြစ်ပေါ်လာသည်။ ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးစသည့် ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် တိုက်ခိုက်ခဲ့ကြရာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၉ ထပ် အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူတစ်ဦးအနေနဲ့ ဒီပညာရပ်ကို သင်ယူနိုင်မယ့် တိုင်းရင်းဆေးတက္ကသိုလ်အကြောင်း ပိုမိုသိရှိလိုတာကြောင့် မန္တလေးတောင်ခြေက တိုင်းရင်းဆေးတက္ကသိုလ်ဆီသို့ လှမ်းခဲ့ပါတယ်။ တက္ကသိုလ်အဝင်မုခ်ဦးကဖြတ်ဝင်ရင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ မကြာမီဒီမုခ်ဦးဆီကို ရောက်လာကြတော့မှာလို့ တွေးနေမိပါတယ်။ ဒီအချိန်မှာပဲ တိုင်းရင်းဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာသိန်းဇော်လင်းကို မြင်တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဆရာကြီးကို သိလိုတာတွေ မေးမြန်းခွင့်ရခဲ့ပါတော့တယ်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ ဇူလိုင် ၃ ရက်က ဖလမ်းမြို့နယ် စည်ပင်သာယာဈေး၌ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုပြီး ဈေးပတ်ဝန်းကျင်နှင့် ဈေးအတွင်းသန့်ရှင်းသာယာလှပမှုရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲပဉ္စမနေ့ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ဆက်လက်ကျင်းပလျက်ရှိပြီး ယနေ့ Linking Event-3 (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲပွဲစဉ်များ ယှဉ်ပြိုင်ကစားမှုကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် အီရန်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အကြီးအကဲဖြစ်သူ ဘာသာရေးခေါင်းဆောင်ဟောင်း (Supreme Leader) အယာတိုလာ ဆေယဒ်အလီ ခါမေနီ၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ရန် ဇူလိုင် ၁ ရက်မှ ၅ ရက်အထိ အီရန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် မြနန္ဒာလမ်း၏မြောက်ဘက်ခြမ်း မြေနေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက မီဒီယာများအား ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

အိန္ဒိယနိုင်ငံမှ Archaeological Survey of India (ASI) အဖွဲ့သည် ပုဂံဒေသရှိ ရှေးဟောင်းအဆောက် အအုံအမှတ် (၁၆၇၀) မဟာဗောဓိဘုရားအား အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အင်္ဂတေပန်းလက်ရာများ ချေးချွတ်သန့်စင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နံရံပန်းချီ ရှိ၊ မရှိ စမ်းသပ်ကွက်တွင် နံရံဆေးရေးပန်းချီတွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းများ၏ ထုတ်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း အရောင်းပြခန်းများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ဖွင့်လှစ်ရောင်းချပေးရာ လာရောက်လေ့လာဝယ်ယူအားပေးသူ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2026

မူပိုင်ခွင့်သည် တစ်မျိုးသားလုံး၏ အမျိုးသားအကျိုးစီးပွားကို အကျိုးပြုနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုသည့် စနစ်တစ်ခုဖြစ်သည်။ မူပိုင်ခွင့်စနစ်တစ်ရပ်သည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အပံ့ပေးနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းထားသည်။ မူပိုင်ခွင့်ဥပဒေပါ လုပ်ငန်းတာဝန်များအရ နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ၂၀၂၃-၂၀၂၈ ကို ချမှတ်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်