Skip to main content

Sep 16, 2022

တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

၂၀၂၂ ခုနှစ် အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ် (2022 ASEAN Media Partners Forum) ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ နန်နင်းမြို့ Wuxiang Resort ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Towards A Health Silk Road) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (40th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်း ၁၀၀၀၀ ၏ ပထမအဆင့်အခန်းပေါင်း ၅၀၀၈ ခန်းကို အသင်းချုပ် သုံးသင်းနှင့် အသင်းဝင်ကုမ္ပဏီများ၏ တာဝန်ယူမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးလျက်ရှိပါကြောင်း၊ အသင်းချုပ်များမှလည်း စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြီးပြတ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း များလာပြီဖြစ်သည်။ စက်တင်ဘာလ ၁၃ ရက်နေ့ည တစ်ရက်တာ စစ်ဆေးတွေ့ရှိမှုအရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉၉ ဦးတွေ့ရှိခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့ည တစ်ရက်တာစစ်ဆေး တွေ့ရှိချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈၄ ဦး တွေ့ရှိခဲ့သည်။ ပထမနေ့တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း ၂ ဒသမ ၆၇ ရာခိုင်နှုန်းရှိပြီး ဒုတိယနေ့တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း ၃ ဒသမ ၁၇ ရာခိုင်နှုန်း ရှိလာသဖြင့် ပိုးတွေ့ရာခိုင်နှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်မားလာသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀ မှ ၃၀ အကြားတွင် အိုဇုန်းဓာတ်ငွေ့အလွှာရှိသည်။ လူသားတို့ အသက်ရှင်သန်ရေးအတွက် အက်တမ်နှစ်ခုနှင့် ဖွဲ့စည်းထားသည့် အောက်ဆီဂျင်ဓာတ်ငွေ့(O2) သည် မရှိမဖြစ်လိုအပ်သကဲ့သို့ပင် အက်တမ်သုံးခုနှင့် ဖွဲ့စည်းထားသည့် အောက်ဆီဂျင် (O3) ဖြစ်သော အိုဇုန်းကလည်း အရေးကြီးသည်။ မိမိတို့ဦးခေါင်းအထက် ကောင်းကင်ယံတွင် ၁၀ ကီလိုမီတာမှ ၂၀ ကီလိုမီတာထိ အထူရှိသည်။ အိုဇုန်းဓာတ်ငွေ့အလွှာက ကမ္ဘာကြီးကို ထီးသဖွယ်မိုးကာသတ္တဝါတို့ကို ပျက်စီးစေသည့် ခရမ်းလွန်ရောင်ခြည်များ၏ ၉၇ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်း အထိကို စုပ်ယူထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်