Skip to main content

Nov 30, 2025

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ ယူ ၁၇ အသင်းအား ငွေကျပ် သိန်း ၁၀၀၀ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကသပြတိုက် (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

မော်ရိုကိုနိုင်ငံ မာရကက်ရှ်မြို့၌ နိုဝင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသော (၉၃)ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံ (93rd INTERPOL General Assembly)သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသုတေသနဗဟိုဌာနစိုက်ကွင်း၌ ရာသီပေါ်ဆန်းစပါးပျိုးခင်း အသက်ခုနစ်ရက်သားမှ ၂၅ ရက်သားအတွင်း ညအချိန်အလင်းရောင်ပေးခြင်း(Night-Break) နည်းပညာဖြင့် နောက်ကျစိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြုဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်နေသော ကျောက်တန်းမြို့နယ်ရှိ သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော(Floating Storage Unit–FSU)၊ သဘာဝဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit)နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၊ သာကေတမြို့နယ်ရှိ သာကေတ ၃၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံတို့မှ ဓာတ်အားစမ်းသပ်မောင်းနှင်နေမှုကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် တတိယအချက်ဖြစ်သော နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားကစားကဏ္ဍကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန်မှာ နိုင်ငံသားအားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်(၁၁)ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေထိုင်လျက်ရှိသော စစ်မှုထမ်းဟောင်း မိသားစုဝင်များအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက် ဖွယ်ရာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်မှုထမ်းဟောင်းအိမ်ရာရှိဓမ္မာရုံ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပသည့် (၂၇)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ပါရန် ထိုင်းနိုင်ငံအမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကောင်စီမှ ဒုတိယဝန်ကြီးချုပ် Mr. Ekniti Nitithanprapas ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ကန်ကြီးထောင့် မူလတန်းကြိုကျောင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းနေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ စက်မှုဝန်ကြီး H. E. Mr. Andrei KUZNIATSOU၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး H.E. Mr. Yury HORLAU ၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်း “Bellegprom” ဥက္ကဋ္ဌ H.E. Ms. Nadzeya LAZAREVICH နှင့် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ နိုင်ခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ များက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌ ဂုရုဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ၏ အဘိဓဇမဟာရဋ္ဌဂုရု ဂုဏဝိသိဋ္ဌပူဇော်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ်တည်ဆောက်နေသော မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

နိုင်ငံတော်အစိုးရသည် PDF အမည်ခံအဖွဲ့အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ဖြင့် လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိသည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့က နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၈၃ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2025

မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ကမ္ဘာ့နိုင်ငံအများအပြားတို့ ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး လူ၊ သစ်ပင်နှင့် သားငှက်တိရစ္ဆာန်များအပေါ် အန္တရာယ်ကျရောက်စေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများက အလေးထားကာကွယ်တားဆီးလျက်ရှိသည်။ မီးခိုးမြူငွေ့များသည် လေတိုက်ခတ်မှုကြောင့် ဒေသတစ်ခုမှတစ်ခုသို့၊ နိုင်ငံတစ်ခုမှတစ်ခုသို့ လွယ်ကူစွာ ပျံ့နှံ့ရောက်ရှိစေနိုင်ပြီး ဆိုးရွားသည့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ အိမ်နီးချင်းနိုင်ငံများအချင်းချင်း နယ်စပ်ဖြတ်ကျော်၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်စေနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြောင်းမြမြို့နယ်၊ စကားမြားကျေးရွာမှ ပြန်လည်ထွက်ခွာ၍ မွန်းလွဲပိုင်းတွင် လပွတ္တာမြို့နယ်သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2025

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်