ရန်ကုန် ဩဂုတ် ၃
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၉) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနမှူးများ၊ ပညာဌာနများမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်း အသီးသီးမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲတွင် ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၁၉) သို့ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား ၁၆၅ ဦး၊ သင်တန်းသူ ၂၀၉ ဦး စုစုပေါင်း ၃၇၄ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဩဂုတ် ၃ ရက်မှ အောက်တိုဘာ ၉ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
