Skip to main content

ငါးနှစ်ကြာ ရပ်နားထားခဲ့သည့် Scania Marcopolo ဘတ်စ်များ ဆူးလေ – ဒလ လမ်းကြောင်းပြန်လည်ပြေးဆွဲ

ရန်ကုန် ဩဂုတ် ၃

ငါးနှစ်ကြာ ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus သည် ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ဩဂုတ် ၁ ရက်မှစ၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

မူလက BRT Lite စနစ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း YBS 37 ယာဉ်လိုင်းအဖြစ် ပြောင်းလဲပြေးဆွဲခဲ့ကာအချိန်အတန်ကြာ ရပ်နားထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ရပ်နားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့် Scania Marcopolo ဘတ်စ်ကားများသည် ယခုအခါ YBS ဆူးလေ–ဒလ ယာဉ်လိုင်း၌ ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်။

အဆိုပါ ဘတ်စ်ကားသည် လက်ရှိ ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းအပြင် ဆူးလေ–ဒလ (ကျောင်းရှေ့)၊ ဆူးလေ–ဒလ (ချယ်ရီ သင်္ဘောဆိပ်) နှင့် ဒလ–တွံတေး ယာဉ်လိုင်းများကိုလည်း နေ့စဉ်နံနက် ၅ နာရီမှ ၆ နာရီအတွင်း စတင်ပြေးဆွဲပြီး ညနေ ၆ နာရီမှ ၇ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။

ထိုကဲ့သို့ ပြေးဆွဲနေသည့်အပေါ် ခရီးသည်များက “BRT Lite လိုင်းဆွဲစဉ်က ထောက်ကြန့်မှ ပြည်လမ်းအပြန် ကမ္ဘာအေး-ထောက်ကြန့် (အောင်မြင်ခဲ့သည်) နောက်သာကေတ (မြင်တော်သာလမ်း) လူကြိုက်များခဲ့သည်။ ရပ်ဆိုင်းခဲ့တာနှစ်ချီကြာပြီးမှ ပြန်လည်ပြေးဆွဲခြင်းက ခရီးသည်အတွက် အလွန်ကောင်းမွန်တယ်” ဟူ၍လည်းကောင်း၊ “YBS ပြေးလမ်းပေါ် ပြန်ရောက်လာတာ ဝမ်းသာပါတယ်” ဟူ၍လည်ကောင်း ခရီးသည်များက မှတ်ချက်ပြုထားကြကြောင်းသိရသည်။

MT