Skip to main content

ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုရန်ပုံငွေသို့ အလှူငွေများ ပေးအပ်လှူဒါန်းနိုင်

နေပြည်တော် ဩဂုတ် ၃

 

၁၉၉၄ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သော ပခုက္ကူဦးအုံးဖေစာပေဆု ယခု (ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု) ချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ဒုတိယပတ်တွင် (၃၂) ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ရာ ပခုက္ကူတစ်သက်တာစာပေဆုရရှိသူ စာရေးဆရာကြီး နှစ်ဦး အပါအဝင် ဆုရရှိသူစုစုပေါင်း ၁၇ ဦးကို ဆုချီးမြှင့်မည်ဖြစ်သည်။

ပခုက္ကူစာပေဆုများကို မူလအလှူရှင် ပခုက္ကူဦးအုံးဖေလှူဒါန်းခဲ့သော ငွေကျပ် ၇၆ သိန်းအပေါ် တွင်အခြေခံ၍ စာပေချစ်မြတ်နိုးသူအလှူရှင်များ၏ ထပ်ဆင့်လှူဒါန်းငွေများဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏လမ်းညွှန်မှုအရ မြန်မာနိုင်ငံစာရေးဆရာအသင်းက စာပေဆုရန်ပုံငွေများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းလျက် ဆက်လက်ဆောင်ရွက်နေ ခြင်းဖြစ်သည်။ ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုရန်ပုံငွေသို့ မြန်မာစာပေ ထွန်းကားပြန့်ပွားရေးကို ဦးတည်လျက် ရန်ပုံငွေများလှူဒါန်းလိုပါက ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဖုန်း- ၀၉၉၇၃၆၅၃၆၂၅၊ အတွင်းရေးမှူး ဖုန်း-ဝ၉၅၁၉၃၇၂၄ နှင့် ရုံးအဖွဲ့ ဖုန်း-၀၉၄၅၀၀၉၀၄၈၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်