လေးမျက်နှာ ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေး မျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်(၅)ရပ်ကွက်/ကျေးရွာ (၃၃)ရွာတွင် အိမ်ခြေ (၃၇၂၈) လုံး၊ အိမ်ထောင်စု (၃၇၇၁) စု၊ လူဦးရေ ကျား/မစုစုပေါင်း (၁၆၂၇၇) ဦး ရေဘေးသင့်ခဲ့ကြောင်းနှင့် ကယ်ဆယ် ရေးစခန်း(၉)ခုအား စာရေးကွင်းကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ရွာသစ်စုကျေးရွာတို့တွင် ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု(၂၈၇)စု၊ လူဦးရေ(၈၀၆)ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါလေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအား အလှူရှင်များမှ ရေဘေး ကယ်ဆယ်ရေးစခန်းများနှင့် ရပ်ကွက်/ကျေးရွာများသို့သွားရောက်လှူဒါန်းလျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ အဖွဲ့များခွဲပြီး အစားအစာ၊ ရိက္ခာ၊ ရေ စသည့်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
