ကာမိုင်းမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များပြသ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ နံနက် ၁၁ နာရီက စာဖတ်၊ စာငှားလာရောက်ကြသူများအား ပြသဆောင်ရွက်ပေးခဲ့သည်။

ပင်လုံမြို့အဝင်ဂိတ်တွင် ပူးပေါင်းအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် digital စက်ဖြင့် ကျန်းမာရေးစစ်ဆေးပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပင်လုံမြို့ ဝမ်အင်အမက ကျောင်းရှိ မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ၂၇-၈-၂၀၂၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ ပြန်လည် ဖွင့်လှစ်ကာ ပင်လုံမြို့သို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များပေါ်တွင် စီးနင်း လိုက်ပါလာသည့် ခရီးသည် များအား နှာခေါင်း စည်း Mask များတပ်ဆင်စေခြင်း၊ စနစ်တကျလက်ဆေးစေခြင်း၊ လူစု လူဝေး ရှိသည့်နေရာများသို့ သွားလာ ခြင်းမှ ရှောင်ကြဉ်နိုင်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကျုံပျော်တွင် မသန်စွမ်းသူ (၁၁၂၆)ဦးအား ထောက်ပံ့ကြေးများ ပေးအပ်

နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ၏ စားဝတ်နေရေး တစ်ထောင့်တစ်နေရာမှ အဆင်ပြေစေနိုင်ရန်အတွက် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လူမှု ဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူ(၁၁၂၆) ဦးအား ထောက်ပံ့ကြေးများ အိမ်တိုင်ရာ ရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

ကျုံပျော်တွင် ငါးမွေးဧက ၂၀၀ ကျော်အတွက် ငါးသားပေါက်ကောင်ရေ (၄)သိန်းကျော် အခမဲ့ ထောက်ပံ့ပေးအပ်

ကျုံပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနကဦးဆောင်၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မြို့နယ်အတွင်းရှိ ငါးမွေးဧက (၂၀၀)ကျော်အတွက် ငါးသားပေါက်ကောင်ရေ(၄)သိန်းကျော်အား အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ကျုံပျော်မြို့နယ်၊ အောင်လံစုတာဆုံနှင့် ရှားခဲကျေးရွာတို့၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာရမည့် စည်းကမ်းများ၊ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် (မြန်မာ/ရှမ်း) နှစ်ဘာသာဖြင့် လှည့်လည်ကြေညာခြင်းအား ယမန်နေ့ ညနေ(၄)နာရီ အချိန်ခန့် မှ စတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် ရပ်ကွက်များ အတွင်းတွင် ဆောင်ရွက်ခဲ့သည်။

သာယာဝတီမြို့တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်        

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် CERP အရ သာယာဝတီခရိုင်၊    ငါးလုပ်ငန်း ဦးစီးဌာနမှ   မြို့နယ် အတွင်းရှိ

တနင်္သာရီမြို့နယ်တွင် မသန်စွမ်းသူ (၂၉၂) ဦးအတွက် ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ တနင်္သာရီမြို့နယ်အတွင်းရှိ မွေးရာပါမသန်စွမ်းသူ(၂၉၂)ဦးအတွက် ကိုဗစ်-၁၉ ကာလထောက်ပံ့ငွေ

ကော့ကရိတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးကုတ်မြို့နယ်တွင် Mask များ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရောဂါပြန့်ပွားမှုမရှိစေရေး Mask တပ်ဆင်ခြင်းမရှိသူများအား ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့များမှ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
Subscribe to