ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပညာပေးနှိုးဆော်

ကွန်ဟိန်း   စက်တင်ဘာ   

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာရမည့် စည်းကမ်းများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် (မြန်မာ/ရှမ်း) နှစ်ဘာသာဖြင့် လှည့်လည်ကြေညာခြင်းအား ယမန်နေ့ ညနေ()နာရီ အချိန်ခန့်မှစတင်၍ ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်နှင့် ရပ်ကွက်များ အတွင်းတွင်  ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကြေညာချက်များတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်အတွင်းနေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ကျဉ်ခြင်း နှင့် မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာပါက Mask(နှာခေါင်းစည်း) တပ်ဆင်ရန်၊ လက်ကိုစနစ်တကျ ဆေးရန် Social Distancing ကို တိတိကျကျလိုက်နာရန်နှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ၊ ရောဂါပိုး ကူးစက်ပြန့်ပွားမှု များပြားသည့် မြို့နယ်များမှ မြို့နယ်အတွင်းသို့ ဝင်ရောက်လာပါက သက်ဆိုင်ရာသို့ချက်ခြင်း အကြောင်းကြားရန် စသည့် အချက်များ ပါဝင်သည်။

ယင်းသို့ဆောင်ရွက်ချက်အား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)