ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မဟာမြိုင်စျေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်၊ ရပ်ကွက်အလိုက် လူစည်ကားရာစျေးများ၊ ကားဂိတ်များတွင် နှာခေါင်းစည်း(Mask)များ ဝေငှခြင်း၊ လက်ကိုင် အသံချဲ့စက်များ ဖြင့် ကြေညာအသိပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။