စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲပယ်သရုပ်ပြခြင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါ်မိုင်းအုပ်စု သာစည်ရပ်ကွက်တွင် ကိုဗစ်-၁၉ ကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်သရုပ်ပြခြင်းကို တောင်သူ ဦးစံကျော်ဝင်း၏ ကွင်းအမှတ် (၄) တွင် ယနေ့နံနက်က စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စားသောက်ဆိုင်များတွင် ဆောင်ရွက်ထားရမည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် စားသောက်ဆိုင်ပိုင်ရှင်များ တွေ့ဆုံ၍ စာသောက်ဆိုင်များတွင် ဆောင်ရွက်ထားရမည့် ကျန်းမာရေး ဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာများ ရှင်းလင်းဆွေး​နွေး

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ​​ ဒေါ်နီနီစိုးက မဲဆွယ် စည်းရုံးရာတွင် ပြည်တောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူများ (Mask) တပ်ဆင်သွားလာခြင်း ရှိ/မရှိစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ လူစည်ကားရာနေရာများ၊ လမ်းများ၊ ကားဂိတ်၊ သင်္ဘောဆိပ်များတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ပြည်သူများ (Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိကို ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

ပန်လုံမြို့တွင် ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ မြို့ပတ်လမ်းမ၌ ပန်လုံမြို့တွင် သီတင်းသုံးနေကြသော ရဟန်းသာမဏေ စုစုပေါင်း(၄၆)ပါးအား ဝါတွင်းကာလ ဆွမ်းကွမ်းအခက်အခဲမရှိစေရန် လောင်းလှူခဲ့ကြသည်။

လှိုင်မြို့နယ်တွင် Quarantine Center အဖြစ် ကြိုတင်လျာထားသည့် အမက(၂၆) လှိုင်ကျောင်းအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းသို့ မြို့နယ်အသီးသီးမှ ဝင်ရောက် လာသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသည့် မိမိတို့ မြို့နယ်အပါအဝင် မြို့နယ်များမှ ဝင်ရောက်လာမည့်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်ပါက ထပ်မံထားရှိဆောင်ရွက်သွားနိုင်ရန်အတွက် Quarantine Center အဖြစ် ကြိုတင်လျာထားသည့် အမှတ်(၅)ရပ်ကွက်ရှိ အမက(၂၆) လှိုင် ကျောင်း ဆောင်အား စုပေါင်း၍ မြက်ခြုံများ ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ​ဆေးဖျန်းခြင်း၊ ကျောင်း​ဆောင်များ သန့်ရှင်း​ရေး​ဆောင်ရွက်ခြင်း၊ အပင်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သော ကြိုတင်ပြင် ဆင် ဆောင်ရွက်မှုများကို ယမန်နေ့ နံနက်ကစ၍ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ​ရေး​ကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့် အဖွဲ့များ ပူး​ပေါင်း၍ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ Quarantine Center ကြိုတင်စီမံ​ဆောင်ရွက်ထား ခြင်းဖြင့် မြို့နယ်အတွင်း စောင့်ကြည့်လူနာများအား ကျန်းမာရေး​စောင့်​ရောက်မှုများ ပိုမို​ဆောင်ရွက်​ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်​ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ် စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ဗန်းမော်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဒေသခံတောင်သူများအား မိုးသီးနှံစုံနှင့် ဆောင်းသီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးအတွက် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အစားအသောက် ဆိုင်ထိုင်ရောင်းချသည့် ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အစားအသောက်ဆိုင်ထိုင်ရောင်းချလျက်ရှိ သော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့် ပြုတော့မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု တော့မည်ဖြစ်ကြောင်း ညွှန်ကြားချက်အရ မြို့နယ်စည်ပင်သာယာရေးကော်မတီက ယမန်နေ့ ညနေ (၃)နာရီက ရပ်ကွက်အတွင်း ကားဖြင့် လှည်လည့် အသိပေးနှိုးဆော်ကြေညာကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အပလီကေးရှင်းဖြင့် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ရရှိရန် mobilizing Myanmar အဖွဲ့က ကူညီဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငွေဆာင်မြို့တွင် mobilizing Myanmar အဖွဲ့နှင့် အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်းကိုယ်ဝန်ဆောင်မိခင်များ ငွေကြေး ထောက်ပံ့ပေးနိုင်ရန်အတွက် ငွေဗိုက် (Application) ပြုလုပ်နည်း၊ စာရင်းရေးသွင်းနည်းနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းတို့ကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ငွေဆောင်မြို့ အမှတ် (၂) ရပ်ကွက်တွင် အိမ်တိုင်ရာရောက် လိုက်လံကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to