မိုးကုတ်မြို့နယ်တွင် Mask များ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုးကုတ်၊ စက်တင်ဘာ   ၈

မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရောဂါပြန့်ပွားမှုမရှိစေရေး  Mask တပ်ဆင်ခြင်းမရှိသူများအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့များမှ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေးရေးလုပ်ငန်းများကို မိုးကုတ်မြို့နယ်အတွင်းရှိ လမ်းဆုံလမ်းခွများ မီးပွိုင့်များတွင် ပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အဓိကအားဖြင့် Mask များ စနစ်တကျတပ်ဆင်ကြရန်ပြောကြာကာ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇၆(ခ)ပါ ပြဋ္ဌာန်းချက်များအရ မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်ရမည်ဖြစ်ကြောင်းကို ပြည်သူများသို့အ​သိပညာပေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာမြင့်(ပြန်/ဆက်)