ပြင်စလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ၁၉၈၉ခုနှစ် အမျိုးသားစာပေဆုရစာအုပ်မှ စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသည့် ``ပန်းလိုချင် အပင်ကို ပျိုးတတ်မှ´´ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ရေစီးရေလာကောင်းမွန်အောင် အုတ်ရေမြောင်းပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်အောင် အုတ်ရေမြောင်း ပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဟိုပန်၌ အစေ့ထုတ်ပြောင်းမျိုးစေ့ ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိပ်သိမ်းခြင်းဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနက Covid-19 ကာလ တောင်သူများစိုက်ပျိုးရေးလုပ်ငန်းများအတွင် အထောက်အကူပြုစေရန် အစေ့ထုတ်ပြောင်း မျိုးစေ့ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိပ်သိမ်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မိန်းပန်း ရှမ်းရပ်ကွက်၊ ဘတ်စုံသုံးစံပြကွက်ရှိ တောင်သူဦးအောင်မြင့်၏လယ်(၁)ဧကတွင် ပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း လှည့်လည်ကြေညာ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ နောက်ထပ်ညွှန်ကြား ချက် တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့်ပြုတော့မည် မဟုတ်ပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ ခွင့်ပြုတော့မည်ဖြစ်ကြောင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှစ၍ ရန်ကင်းမြို့နယ်ရပ်ကွက်များ အတွင်း ကားဖြင့် လှည်လည့်အသိပေး နှိုးဆော်ကြေညာလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

မိုးကောင်းမြို့နယ်ရှိ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှု ရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ကိစ္စရပ်များကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ချောက်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များရှင်းလင်း ဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြိုနယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ချောက်မြို့နယ်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ် စည်းရုံးရာတွင် သိသင့်သည်များရှင်းလင်းဆွေးနွေးတွေ့ဆုံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် (၃)နာရီကပြုလုပ်ခဲ့သည်။

တုံတာမြို့၌ အသက်၁နှစ်ခွဲမှ ၁၅ နှစ်အောက်ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်၁နှစ်ခွဲမှ ၁၅နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးနှင့် အမှီလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က တုံတာမြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ် စာစောင်ပြသထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ပြသထားသော ကိုဗစ်-၁၉ ရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ် စာစောင် အား ယနေ့နံနက်ပိုင်းက ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ ကြကြောင်းသိရသည်။

မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်းကို မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တို့က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့သည်။

ရန်ကင်းမြို့နယ်ရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်း စည်း(Mask)များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာ ပေးခြင်းနှင့် Mask များ(အခမဲ့)ဖြန့်​ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်အတွင်းရှိ ဈေးများ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to