အလုံ စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များအား We Love Yangon (Ahlone) မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး သုံးပစ္စည်း များကို ယနေ့ နံနက်(၁၀း၀၀)နာရီအချိန်က Quarantine Centre ဆောင်ရွက်လျက်ရှိသော အ-ထ-က(၇) အလုံတွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် PPE ဝတ်စုံ (၅)စုံ၊ ပါးစပ်နှာခေါင်းစည်း(Mask) အခု(၂၀၀)နှင့် Pocari Sweat (၁)ပါကင်တို့အား We Love Yangon (Ahlone) မှ ဦးပြည့်ဖြိုးအောင်မှ ပေးအပ် လှူဒါန်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဟိန်းက လက်ခံရယူခဲ့ ကြောင်း သိရှိရသည်။
တင်တင်ချို