ကော့ကရိတ်မြို့ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်

ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများသို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို ဆော်ဩပေးခြင်းကို စက်တင်ဘာလ (၇) ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအရှိန်အဟုန်မြင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးနှင့့််အရေးပေါ်တုန့်ပြန်ရေးကော်မတီမှဦးဆောင်၍ ရပ်ကွက်/ကျေးရွာအတွင်းရှိပြည်သူ

ကျိုက်မ​​ရောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား​​ ဒုတိယအကြိမ် ထောက်ပံ့​ငွေ​ ပေးအပ်

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား များ အား ကိုဗစ်-၁၉​ရောဂါကာလအတွင်း စားဝတ်​နေ​ရေးအဆင်​ပြေ​​စေရန် နိုင်ငံ​တော်မှ တစ်ဦးလျှင်​ငွေကျပ်သုံး​သောင်း​စီအား ဒုတိယအကြိမ်​ထောက်ပံ​ပေးအပ်ပွဲကို ယ​နေ့နံနက် ၁၀နာရီခန့်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ (​ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုနှစ်တွင် မိုးစပါးစိုက်ဧက ငါးသိန်းရှစ်သောင်းကျော် စိုက်ပျိုးရန်လျာထားပြီး လက်ရှိတွင် လေးသိန်းတစ်သောင်းကျော် စိုက်ပျိုးပြီးစီး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားစိုက်ပျိုးသောနိုင်ငံဖြစ်သောကြောင့် ဆန်စပါးစိုက်ပျိုးခြင်းသည် အရေးကြီးသောကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၈၀၂၄၉) စိုက်ပျိုးရန်လျာထားပြီး လက်ရှိတွင် (၄၁၃၂၈၇)ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွား၊ လမ်းလာပြည်သူများအား စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွား လမ်းလာ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ နောင်ယားကန်သာဘေးအနီးနှင့် ဒေါဉခူမီးပွိုင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တာဆီးရေး အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်က ကပ်ထားပြသဆောင်ရွက်လျက် ရှိသည်။

ဖောင်းပြင်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ကွက် ဧက ၃၀၀ အတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီးဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဥ် CERP အရ ယခုနှစ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက် ဧက ၃၀၀ကို Knowledge Centre (၃)ခုတွင် စိုက်ပျိုးထားရှိရာ

ထန်းတပင်မြို့နယ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းကာ စစ်ဆေး ဆောင်ရွက်ပေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သည့် အနေဖြင့် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိ ပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက် (၅)ခုတို့တွင် တာဝန်ရှိ သူများက အိမ်တိုင်ရာရောက် ကွင်းဆင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်မြောင်းမြို့အတွင်း လမ်းမကြီးတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့ပေးသော LED မီးသီး များတပ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်‌မြောင်းမြို့တွင် တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့မှ ကျောက်မြောင်းမြို့ စည်ပင်သာယာရေးအဖွဲ့သို့ထောက်ပံပေးသော LED မီးသီး၊ မီးကိုင်း (၃၀) အား မြို့တွင်းလမ်းမကြီးတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်ကတပ်ဆင်‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး မိတ္ထီလာမြို့ပေါ်ရှိစျေးများတွင် ရောင်းချလျက်ရှိသော စျေးသည်များ၊ စျေးဝယ်မျာ၊း နှာခေါင်းစည်းများတပ်ဆင်ကြရန် အသိပညာပေးနှိုးဆော်ရေးလုပ်ငန်းဆောင်ရွက်

မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရှိစျေးများတွင် ရောင်းချလျက်ရှိသော စျေးသည်များ၊ စျေးဝယ်များ၊ နှာခေါင်းစည်းများတပ်ဆင်ကြရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to