Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ထားဝယ်မြို့၌ သီးနှံများတွင် ဓာတုဓာတ်ကြွင်းလျော့ချရေးဆိုင်ရာနည်းပညာပေး
Jan 29,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ သီးနှံများတွင် ဓာတုဓာတ်ကြွင်းလျှော့ချရေးဆိုင်ရာ နည်းပညာပေး သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့နယ်နှင့်ရေဖြူမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသည့် ခဲမဖြူ၊ အဖြိုက်နက် ၁၄ တန်ခန့် ဖမ်းဆီးရမိမှုနှင့်စပ်လျဉ်း၍ သတင်းပေးသူ၊ ဖမ်းဆီးသူများအား ဆုချီးမြှင့်
Jan 29,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသည့် ခဲမဖြူ၊အဖြိုက်နက်နှင့် ခဲမဖြူအဖြိုက်နက်ရောရာသတ္တုပစ္စည်း ၁၃ ဒသမ ၉၈၀ တန် အမှုတွဲ(၁၁)မှုဖြစ်သည့် ရာဇဝတ်ကြီးမှု တစ်မှုချင်းအလိုက် ပါဝင်သော ဖမ်းဆီးသူ၊ ရှာဖွေသက်သေနှင့်သတင်းပေးသူတို့အား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မြောက်ဦးဆရာတော်ကြီး၏ ဓမ္မပူဇာသဘင် တက်ရောက်ပူဇော် ၊ Quick Win အစီအစဉ်ဖြင့်ဆောင်ရွက်နေသော ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး
Jan 29,2026
ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပဓိပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ ဓမ္မပူဇာသဘင်အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲတက်ရောက်
Jan 29,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ အတီးအမှုတ်အကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 29,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်း အခမ်းအနားကျင်းပ
Jan 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧက ရိတ်သိမ်း
Jan 29,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖယ်ကျေးရွာ၌ မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧက ဆောင်းနေကြာ ရေဆင်း-၁ စပ်မျိုးရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ စိုက်ကွင်းနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေး
Jan 29,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
Current page
1
Page
2
Page
3
Page
4
Page
5
Page
6
Page
7
Page
8
Page
9
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department