မြို့လှ၌ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအားထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မြို့လှမြို့ပေါ်ရပ်ကွက်များရှိ မသန်စွမ်းသူများအတွက် Covid-19 ကာလအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ရန်ပုံငွေမှ မသန် စွမ်းသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ယနေ့နံနက်ပိုင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ် ရုံးမှ တာ၀န်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပုလောမြို့ နယ်၊ဇရပ်ဆိပ်ကျေးရွာတွင်

ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော ဆံသဆိုင်၊ အလှပြင်ဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော ဆံသဆိုင်၊ အလှပြင်ဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက် ထားမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုးကျိုး သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုထိန်းချုပ်ရေး အသိပညာပေး နံရံကပ် စာစောင်ကို ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က စိုက်ထူပြသထားကြောင်း သိရသည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအန္တရာယ်မှ ကင်းဝေးစေရန် ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် စပါးမျိုးစေ့ပက်ကျဲစိုက်ခင်းများ၌ ထွန်စက်ဖြင့်တွဲဖက်အသုံးပြုရသော စိုက်တန်းဖော်၊ ကြားပေါင်းလိုက်ကိရိယာအား စပါးစိုက်တောင်သူများအား သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန့်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း)မှ စပါးမျိုးစေ့ပက်ကျဲ စိုက်ခင်းများအတွက် တီထွင်ထုတ်လုပ်ထားသော ထွန်စက်ဖြင့်တွဲဖက်အသုံးပြုရသော စိုက်တန်းဖော်ကြားပေါင်းလိုက်

ဒဂုံမြို့နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းလုံခြုံရေး ယာဉ်ကြောပိတ်ဆို့စစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်၊ လိပ်ကန်ရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဇော်မင်းလွင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ရပ်ကွက်တာဝန်ခံတို့ ပူးပေါင်း၍ ယမန်နေ့ ည ၉ နာရီက ယာဉ်ကြော ပိတ်ဆို့ စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

လဲချား၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ ၁၁ နာရီခန့်အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက် ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

တီးဆီးကျေးရွာအုပ်စု၌ Door To Door စနစ်ဖြင့် မဲစာရင်းစိစစ်ရေးလုပ်ငန်းအဖွဲ့မှ တစ်အိမ်တက်ဆင်း မဲစာရင်းစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်း များ ပြည့်စုံမှန်ကန်မှုရှိစေရေး တို့အတွက် Door To Door စနစ်ဖြင့် တစ်အိမ် တက်ဆင်းမဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တီးဆီးကျေးရွာ အုပ်စု၌ယမန်နေ့က မဲစာရင်းစိစစ်ရေးလုပ်ငန်း အဖွဲ့မှ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
Subscribe to