အမြို့မြို့အနယ်နယ်သတင်းများ

Jan 30,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အရန်မီးသတ်တပ်ဖွဲ့စခန်းတွင် ယနေ့နံနက် ၉ အချိန်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မောင်အောင်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားခဲ့သည်။
Jan 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် (၂၆.၁.၂၀၂၆)ရက်နေ့မှ (၃၀.၁.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် Supervisory Skills Managment Course သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ယမုံနာဦးဟိုတယ် Ball Room ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြား​မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ငွေဆောင်မြို့ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ သင်း(ငွေဆောင်ဇုန်)၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ငွေဆောင် ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် အထွေထွေမန်နေဂျာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
Jan 30,2026
၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ သော်ကခန်းမတွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jan 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 30,2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၈၀) ဖြင့် Flying Zipline (လူစီး Cable Slide) နှင့် ခြေနင်းအပျော်စီးရထား ဖွင့်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ဘားမဲတောင်သဘာဝဥယျာဉ်၌ ကျင်းပသည်။
Jan 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်( ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ‌ကျင်းပပြုလုပ် ခဲ့သည်။
Jan 30,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားမည့် မွေးမြူရေးအထူးပြုဘာသာရပ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲခန်းမတွင် ဆောင်ရွက်ခဲ့သည်။