Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်းမြို့ စိုက်ပျိုးရေးအရောင်းဆိုင်များ၌ တားမြစ်ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချခြင်းမရှိစေရေး အသိပညာပေး
Jul 30,2026
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်အတွင်းရှိ ပိုးသတ်ဆေးအရောင်းဆိုင်များ၌ အဆိပ်ရှိပစ္စည်းများဖြစ်သည့် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများအား ဖြန့်ဖြူးရောင်းချခြင်းမရှိစေရေးအသိပညာပေးခြင်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်ဇော်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့တွင် ကျေးရွာမြေငှားဂရန်များပေးအပ်
Jul 30,2026
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာနှင့် လှိုင်းဘွဲမြို့နယ် တဝန်ဖန်ရကျေးရွာတို့မှ အိမ်ထောင်စုများအား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီက နောင်ကမြိုင်ကျေးရွာ ဓမ္မသိင်္ခါရကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်၍ ကျေးရွာမြေငှားဂရန်များ ပြည်သူလက်ဝယ်အရောက် ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ မိုးဝါစိုက်ခင်းများအောင်မြင်ဖြစ် ထွန်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jul 30,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးဝါစိုက်ပျိုးခြင်း ဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများ တွင်ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသင်းသားတောင်သူ ၄၀ စိုက်ဧက ၉၈ ဧကအတွက် ၁၄ ဒသမ ၁၀၀ သန်းနှင့်ညီမျှသော သွင်းအားစုများပေးအပ်ထား သည့် ထားဝယ်အင်းငွေစု ငွေချေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်စွာဝင်း၏ ကွင်းအမှတ် (၆၄၆) ရှိ သုံးဧက ရွှေတောင် ၈ ဝါမျိုး စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်၌ စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအားကွင်းဆင်းစစ်ဆေး
Jul 30,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူး ရောင်းချသည့်ဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို ယနေ့နံနက်၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ချရေး နှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး
Jul 30,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ပြည်လုံနိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမ၌ ကလေးသူငယ်များအတွက် သဘာဝ ဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး (Kaeru Caravan) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲ ကျင်းပ
Jul 30,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက မြင်းခြံတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်း
Jul 30,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရေး၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးနှင့် မိသားစုနှင့်အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် အွန်လိုင်းစနစ်ဖြင့်လျှပ်စစ်ဓာတ်အားခပေးဆောင်ပုံ အသိပညာပေး
Jul 30,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးက မြို့နယ်အတွင်းရှိလျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ဓာတ်အားခများကို နေအိမ်မှလွယ်ကူလျင်မြန်စွာပေးဆောင်နိုင်ရန် အွန်လိုင်းစနစ်ဖြင့်လျှပ်စစ်ဓာတ်အားခပေးဆောင်ပုံ အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
Current page
1
Page
2
Page
3
Page
4
Page
5
Page
6
Page
7
Page
8
Page
9
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department