ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား စားနပ်ရိက္ခာ(၃)လစာ အတွက် ဆန်အိတ်(၆၁ဝ) ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က (အထက-ပန်နန်းဒင်)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။