ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့သည်။

တံတားဦးမြို့နယ် လိန်ကုန်းကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားလမ်းမှ ဂျင်းလမ်းခင်းခြင်းအဆင့်မြှင်တင် ဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေပြည်သူများကိုယ်တိုင် ဆောင်ရွက်သည့် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် လိန်ကုန်းကျေးရွာအုပ်စု လိန်ကုန်းကျေးရွာ အတွင်းလမ်းအား မြေသားလမ်းမှဂျင်းလမ်းခင်းခြင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

သန်လျင်၌ ကိုဗစ်ကာကွယ်ရေး အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု များသို့ အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးခြင်းများကို ယနေ့ နံနက်တွင် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

တန့်ဆည်မြို့နယ်၌ Cash for Work စီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော လမ်းဘေးရေမြောင်း အုတ်စီခြင်းနှင့် မြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ Cash for Work စီမံကိန်း ရန်ပုံငွေ ဖြင့် တပိုးကျေးရွာအုပ်စု၊ နှမ်းခင်းကြီးကျေးရွာ၌ လမ်းဘေးရေမြောင်းအုတ်စီခြင်းနှင့် မြေသားရေ မြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

သန်လျင်မြို့ အမိုးနီသုသာန်သို့ အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အမိုးနီသုသာန် ဘက်စုံပြုပြင်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အလှူရှင်များ က ယမန်နေ့ နံနက်တွင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဒေးဒရဲမြို့နယ်ရှိ အထည်ချုပ်စက်ရုံအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်ကျိုက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ဂျုန်းဟိုအထည်ချုပ်စက်ရုံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို မြို့နယ် စစ်ဆေးရေးအဖွဲ့က ယမန်နေ့ ညနေ(၃)နာရီက ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့တွင် COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း အတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက်ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

ခါမ်းပါတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စက်တင်ဘာလ ( ၄ ) ရက်နေ့မှ စတင်ကာ မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်လက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပြန်လည်ကြပ်မတ်၍ အရှိန်ဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ပြန်လည် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to