ဒဂုံ(အရှေ့) မြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် လိုက်လံအသိပေးနှိုးဆော်

ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် လူစုလူဝေးဖြစ်ပေါ်ခြင်းကို အတက်နိုင်ဆုံး ရှောင်ရှားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေ ရန်အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် နှင့် ထမင်းဆိုင်များ၌ ဆိုင်ထိုင်စားသောက် ရောင်းချသောစနစ်မှ လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ရွာသာကြီးအတွင်းရှိ ရောင်းချသူများနှင့် စားသုံးသူများ သိရှိစေရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့ ညက အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အဖြစ် အသိပညာပေးမြေစိုက် ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အဖြစ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲကို ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ယမန်နေ့ ညနေ(၅)နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။

လမ်းမတော်မြို့နယ်  UMFCCI  တွင် မြန်မာ-ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေး

လမ်းမတော်မြို့နယ် UMFCCI  တွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ Mr.Nguyen Duong Kien, Head of Vietnam Trade Office မှ အသင်းချုပ်တာဝန်ရှိသူများနှင့် ယမန်နေ့က လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မြစ်သားမြို၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် မြို့အဝင်/အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား စစ်ဆေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မြစ်သားမြို့ မြို့အဝင်/အထွက် ဂိတ်များဖြစ်သော ဂိတ် (၁) ဘိုးဘွားရိပ်သာအနီး၊

မိုင်းပျဉ်းမြို့၌ နှာခေါင်းစည်း (Mask) များနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ နှာခေါင်းစည်း (Mask)များနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းတို့ကို မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ နံနက်၈နာရီက မြို့တွင်း လူသွားလမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းတပ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ

မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ မြို့အဝင်အထွက်ဂိတ်များတွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မိုင်းရှူးမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ပင်လောင်း၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ သခွားသီးလှိုင်လှိုင်ပေါ်သော်လည်း ဈေးနှုန်းကျဆင်းနေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ စိုက်ပျိုးသည့် သခွားသီးများလှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် စိုက်ပျိုးသည့်တောင်သူများ အခက်အခဲကြုံတွေ့နေရကြာင်း မုန့်ကုန်းကျေးရွာ သခွားစိုက်တောင်သူ ဦးနန်းတင်ထံက သိရသည်။
Subscribe to