ကာမိုင်းမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များပြသ

ကာမိုင်း       စက်တင်ဘာ   ၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ နံနက် ၁၁ နာရီက စာဖတ်၊ စာငှားလာရောက် ကြသူများအား ပြသ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်များပြသရာ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ဖြစ်ပွားတတ်သည့် လူကုန်ကူးမှုအမျိုးအစားများ၊ အမျိုးသမီးများ လူကုန်ကူးခံရပါက တွေ့ကြုံရမည့်အန္တရာယ်များ၊ လူကုန်ပွဲစားများအသုံးပြုတတ်သော နည်းလမ်းများ၊ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ ရောင်းဝယ်မှုအန္တရာယ်များ၊ လူကုန်ကူးမှု ခံရပါက ဆက်သွယ်ရမည့်လိပ်စာ နံပါတ်များ၊ လူကုန်ကူးမှုကျူးလွန်မိပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ် များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အနုပညာရှင်များ၏ အသိပညာပေး နှိုးဆော်အချက်များကို စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်၊ စာငှားပရိသတ်များအား သိရှိစေရန်အတွက် ရည်ရွယ်ပြီး ပြသဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)