မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ညှိနှိုင်းဆွေးနွေး
ယခုဆိုလျှင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုသည် သိသိသာသာ များပြားလာလျက်ရှိရာ မိမိမြို့နယ်သို့ မကူးစက်စေရေး အတွက် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ညှိနှိုင်း ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။