ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အပလီကေးရှင်းဖြင့် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ရရှိရန် mobilizing Myanmar အဖွဲ့က ကူညီဆောင်ရွက်ပေး

ငွေဆောင်  စက်တင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင် ၊ ငွေဆာင်မြို့တွင်  mobilizing Myanmar အဖွဲ့နှင့် အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်းကိုယ်ဝန်ဆောင်မိခင်များ ငွေကြေး ထောက်ပံ့ပေးနိုင်ရန်အတွက် ငွေဗိုက် (Application) ပြုလုပ်နည်း၊ စာရင်းရေးသွင်းနည်းနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း တို့ကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ငွေဆောင်မြို့ အမှတ် (၂) ရပ်ကွက်တွင် အိမ်တိုင်ရာရောက်  လိုက်လံကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ဩဂုတ်လ(၁)ရက်နေ့မှ၎င်းရက်နေ့ နောက်ပိုင်းမွေးဖွားသည့် မိခင်များကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှု များအား လျော့ပါးစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနက ငွေကျပ်(၃၀၀၀ဝိ/) ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အဆိုပါ  စာရင်းရေးသွင်းသည့် ကာလအား ၂၀၂၀ ပြည့်နှစ် သြဂုတ်လ(၁၁)ရက်နေ့မှ စက်တင်ဘာ လ (၁၅)ရက်နေ့ အထိ သတ်မှတ် ထားပြီး ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော ကျန်းမာရေး စောင့်ရှောက်မှု မှတ်တမ်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ သန်းခေါင်စာရင်းနှင့် မိမိတို့အမြဲတမ်း အသုံးပြုလျက်ရှိသော ဖုန်းနံပါတ်၊ ကလေးမွေးဖွားပြီး မိခင်ဖြစ်ပါက မွေးစာရင်းတို့အား ယူဆောင်လာရမည် ဖြစ်ကြောင်းသိရသည်။

မူမူသွင်(ပြန်/ဆက်)