ပန်လုံမြို့တွင် ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်

ပန်လုံ            စက်တင်ဘာ            

 “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်()ရပ်ကွက်ရှိ မြို့ပတ်လမ်းမ၌ ပန်လုံမြို့တွင် သီတင်းသုံးနေကြသော ရဟန်းသာမဏေ စုစုပေါင်း(၄၆)ပါးအား ဝါတွင်းကာလ ဆွမ်းကွမ်းအခက်အခဲမရှိစေရန် လောင်းလှူခဲ့ကြသည်။

နယ်မြေခံတပ်နယ်မှ အရာရှိအရာခံ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ များမှ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

စေတနာရှင်အလှူရှင်များမှ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အခြားလှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေ စုစုပေါင်းတန်ဖိုး (၂၄)သိန်းကျော်ကို လောင်းလှူခဲ့ပြီး ပန်လုံဈေးပတ်လာ ဈေးရောင်းဈေးဝယ် ပြည်သူများမှလည်း ဈေးအတွင်းသို့ ပင့်ဆောင်ကာ Covid-19 ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ညွှန်ကြားချက်များနှင့်အညီ လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)